မိုးသားကောင်းကင်ထက်မှာ ချိတ်ဆွဲနေကြတဲ့ ကြယ်ပွင့်တွေက တစ်လက်လက်တောက်ပလို့...
အဖြူရောင် မိုးသားအောက်က.
ရွှေဝါရောင်အလင်းတန်းတွေအပြည့်နဲ့..ရွှေအိုရောင် သမုဒ္ဒရာကြီး...ဝှေ့ရမ်းနေကြတဲ့ အဝါရောင် အလင်းတန်းတွေ....
မျက်ရည်တွေအပြည်နဲ့ သူ့ကို ငေးကြည့်နေကြတဲ့ မိန်းကလေးတွေ...
သူပထမဆုံး ပြုလုပ်ခဲ့တဲ့ concertက အတိုင်းပဲ သူက သူ သိပ်ချစ်ပါတယ် ဆိုတဲ့ လောကကြီးမှာ အလှဆုံးပဲ လို့မြတ်မြတ်နိုးနိုး သူ ရေရွတ်ခဲ့ဖူးတဲ့ အဝါရောင်သမုဒ္ဒရာကြီးကို ငေးလို့ ပြုံးနေခဲ့တယ်...
မျက်ရည်တွေအပြည့်နဲ့ သူ့ချစ်ရတဲ့ သိပ်သဘောကျပါတယ် ဆိုတဲ့ အဝါရောင် သမုဒ္ဒရာကြီး ကို ငေးရင်း ပြုံးနေခဲ့တဲ့ သူမျက်နှာဟာ သူ တစ်သက်လုံး အမြတ်တနိုး ကြည့်လာခဲ့တဲ့ ရွှေဝါရောင် အလင်းတန်းတွေကို တကယ်တမ်း ခွဲခွာရတော့မယ်ဆိုတော့ မခွဲရက်ဖြစ်နေဟန်....
ဘယ်တုန်းကမှ ဘာကြောင့်ဘယ်လိုဆိုပြီး ရှင်းပြခြင်း မရှိခဲ့ဖူးတဲ့သူဟာ အခုတစ်ကြိမ်မှာလည်း အနားယူတော့မယ်ဆိုတဲ့အကြောင်း တောင်းပန်ပါတယ်ဆိုတဲ့ အကြောင်းကလွဲရင် အပိုစကားမပြောခဲ့တာမို့...
သူ့ studio ကထုတ်ပြန်တဲ့ အကြောင်းအရာအချို့ရယ် interview တွေမှာ သူ အမှတ်တမဲ့ဖွင့်ဆိုဖူးတဲ့ အကြောင်းအရာတစ်ချို့ရယ်ကို ရိပ်ဖမ်းသံဖမ်းရင်း ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းကို သဘောပေါက်သလို ရှိလာခဲ့ပေမယ့် သူ့ကို မေးခွန်းတွေ မထုတ်ခဲ့ကြဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သူမ တို့ လက်ခံခဲ့ကြပါတယ်..
ဆယ့်ငါးနှစ်ကြာပြီးနောက် အဖြစ်အပျက်တော်တော်များများကို ကြုံခဲ့ရပြီးပြီဖြစ်တဲ့ သူမတို့ရဲ့ နှလုံးသားတွေဟာလည်း နာကျင်ရဖန်များလို့ ခံနိုင်ရည်ရှိလာပုံပါပဲ...
သူက သူ့သဘောအကျဆူံး သူမတို့အတွက် သူ့ကိုယ်တိုင်ရေးပေးခဲ့တဲ့ သီချင်းကိုဆိုလို့ စူးစူးနစ်နစ် ပြုံးရင်း သူမတို့ကို ငေးကြည့်တယ်..
ပြီးတော့.စကားတစ်ခွန်း ဆိုတယ်.
.
" မငိုပါနဲ့ ငိုရင် ရုပ်ဆိုးတယ်"
![](https://img.wattpad.com/cover/142232105-288-k349207.jpg)
VOCÊ ESTÁ LENDO
ချစ်ခြင်းဖြင့်ထုံမွှန်း၍မြတ်နိုးခြင်းဖြင့်ဘောင်ခတ်ထားသည်
Fanficဂရိပုံပြင်ထဲက နေကြာပန်းလေးနဲ့နေမင်းသားလေးရဲ့ကြေကွဲဖွယ်ရာ ပုံပြင်လေးအကြောင်းနားထောင်ချင်သလား.. Sad endingတွေကိုနှစ်သက်ပါသလား.. အဆုံးသတ်တိုင်းဟာ စင်ဒရဲလား ပုံပြင်တွေလိုမှမဟုတ်ခဲ့တာပဲ...