တစ်ချိန်ကျရင်လေ..
ငေးမောခြင်းတွေကင်းလို့  မင်းကို ချစ်ကြည့်ချင်ပါတယ်...*************
" miss..!!"
"Plz wake up"သူမကိုယ်ကို တစ်ယောက်ယောက်က လှူပ်ရမ်းနေသလို ခံစားရတာကြောင့် သူမ မျက်စိဖွင့်ကြည့်လိုက်မိသည်....
ရွှန်းစိုနေသော အပြုံးတို့ဖြင့် ပြည့်ဝနေသော လေယာဉ်မယ်လေးက
သူမအား တောက်ပစွာ ပြုံးပြပြီး
" Beijing ကို ရောက်ပါပြီရှင့်" ဟု အင်္ဂလိပ်ဘာသာဖြင့်ဆိုလေသည်....သူမ အတွေးလွန်ပြီး အိပ်ပျော်သွားခဲ့တာပဲ...
ရှက်ရှက်နှင့် ဖုတ်ဖတ်ခါထပြီး လေယာဉ်မယ်လေးအား ပြုံးပြ၍ လေယာဉ်ပေါ်မှ ဆင်းလာခဲ့သည်...
လေဆိပ်မှ ထွက်လိုက်မိတော့..
ပျားပန်းခတ်မျှ သွားလာလှူပ်ရှားနေကြသော လူအုပ်ကြီး...ဖန်လုံအိမ်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ မြို့ တော် ဘေကျင်းရဲ့ အလှ....
ဆောင်းဝင်ခါစမို့ ထင်သည်..
အအေးဓာတ်က အကဲပိုလိုနေသည်..ပထမဆုံးအကြိမ်အဖြစ် သူရှိရာ သူ၏ မွေးဇာတိကို ခြေ ချမိခြင်း...
ငယ်စဉ်က လို
Ge ကျမ ရောက်လာပြီတွေ ဘာတွေ မပြောမိပေမယ့် သူနဲ့ ကောင်းကင်တစ်ခုထဲတွင် တစ်လေထဲအတူတူရှူနေရပြီ ဆိုသည့် အသိက နွေးထွေးစေသည်...မိုးကောင်းကင်ပေါ်ကနေ အဆုပ်လိုက် ကျဲချနေတဲ့ အဲ့ဒီ ဖြူလွလွ နှင်းပွင့်တွေကို ငေးမောမိတော့..
နှင်းပွင့်တွေက သူမပုခူံးထက် အသာအယာသက်ဆင်းတယ်..မြေသင်းရနံ့တွေနဲ့ ပိတောက်ရနံတွေမွှေးပျံ့ ရာ အစဉ်အမြဲ စိမ်းစိုလန်းဆန်းနေတတ်တဲ့ ရွှေဝါမြေမှာ ကြီးပြင်းခဲ့ပေမယ့်..
နှင်းပွင့်တွေဝေတဲ့ ချယ်ရီမြေဟာ သူမ သဘောကျမိသော လက်တစ်ဆုပ်စာမျှ အရာတွေထဲမှ တစ်ခု...
YOU ARE READING
ချစ်ခြင်းဖြင့်ထုံမွှန်း၍မြတ်နိုးခြင်းဖြင့်ဘောင်ခတ်ထားသည်
Fanfictionဂရိပုံပြင်ထဲက နေကြာပန်းလေးနဲ့နေမင်းသားလေးရဲ့ကြေကွဲဖွယ်ရာ ပုံပြင်လေးအကြောင်းနားထောင်ချင်သလား.. Sad endingတွေကိုနှစ်သက်ပါသလား.. အဆုံးသတ်တိုင်းဟာ စင်ဒရဲလား ပုံပြင်တွေလိုမှမဟုတ်ခဲ့တာပဲ...