ဆယ့်ငါးနှစ်...
သူ့တစ်ယောက်ထဲကိုပဲ ငေးကြည့်လာခဲ့တာ ဆယ့်ငါးနှစ်တိတိရှိပြီ...တော်တော်များများပြောင်းလဲကြသလို အကြောင်းအမျိုးမျိုးနဲ့ သူ့ကိုစွန့်ခွာသွားကြသူတွေလည်း အများကြီး...
တစ်ချို့ က အချိန်မပေးနိုင်တော့လို့....
တစ်ချို့ ကတော့ မိုးဦးကျစ မှိုပွင့်လေးတွေလို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ပေါ်လာကြတဲ့ ငယ်ငယ်ရွယ်ရွယ်
ခပ်ချောချော ကောင်လေးတွေနောက် ကောက်ကောက်ပါအောင် လိုက်သွားကြလို့....စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ သူ့ကိုစွန့်ခွာသွားကြတဲ့သူတွေက ထွက်သွားကြတယ်....
သူမ ကိုယ်တိုင်လည်း သူ့ကိုစွန့်ခွာဖို့ စဉ်းစားခဲ့ဖူးတယ်..မဟုတ်ဘူး ဆုံးဖြတ်ချက်ချခဲ့တာ..
သူ့ကိုမေ့များမေ့နိုင်သွားမလားဆိုပြီး ခပ်ချောချော အသက်ငယ်ငယ်ကောင်လေးတွေကိုလည်း ပြောင်းချစ်ကြည့်ခဲ့ဖူးတယ်....
ဒါပေမယ့် သူမအတွက်တော့..
သူမကို အမြဲတမ်း...
နှူတ်ခမ်းကိုတင်းတင်းစေ့ပြီး စိုက်ကြည့်နေတတ်တဲ့ သူ့ပုံရိပ်လောက် မဆွဲဆောင်နိုင်ခဲ့ဘူး...မိုးသောက်ကြယ်ပွင့်လေးတွေလို အလှပဆူံးပြုံးပြတတ်ကြတဲ့ကောင်လေးတွေက
သူရဲ့ ခပ်ချေချေ အပြုံးလောက် သူမကို မလွှမ်းမိုးနိုင်ခဲ့ဘူး....သူ့ကိုလွမ်းတယ်...
မေ့ဖို့ကြိုးစားပေမယ့် သူ့ကိုလွမ်းတယ်...
မုန်းတယ်လို့ အော်နေပေမယ့် သူ့က်ုလွမ်းတယ်...Dramaတွေထဲကလို မိုးဖွဲလေးတွေလို တဖွဲဖွဲကျနေတဲ့ ဆာရာကူလမ်းမထက်မှာ ဆာရာကူရာပန်းပွင့်တွေကိုကြည့်ပြီး မလွမ်းဖူးပေမယ့်...
Dandelion ပန်းတွေကိုမြင်တိုင်း သူ့ကိုလွမ်းတယ်....ဘောလုံးပွဲရာသီရောက်တိုင်း သူသိပ်သဘောကျတဲ့ မန်ချက်စတာယူနှိုက်တက်အသင်းက နိုင်တိုင်း သူညမအိပ်ပဲ TV ရှေ့ ထိုင်လို့ လက်သီးလက်မောင်းတန်းအော်နေအူံးမလားလို့ တွေးရင်း လွမ်းတယ်....
ESTÁS LEYENDO
ချစ်ခြင်းဖြင့်ထုံမွှန်း၍မြတ်နိုးခြင်းဖြင့်ဘောင်ခတ်ထားသည်
Fanficဂရိပုံပြင်ထဲက နေကြာပန်းလေးနဲ့နေမင်းသားလေးရဲ့ကြေကွဲဖွယ်ရာ ပုံပြင်လေးအကြောင်းနားထောင်ချင်သလား.. Sad endingတွေကိုနှစ်သက်ပါသလား.. အဆုံးသတ်တိုင်းဟာ စင်ဒရဲလား ပုံပြင်တွေလိုမှမဟုတ်ခဲ့တာပဲ...