မှိန်ပြပြ မီးရောင်အောက်မှာ..
သူမ ကို ကျောပေးထားတဲ့ လူတစ်ယောက်..ဒီကျောပြင်ကို သူ ရင်းနှီးနေသလိုပဲ..
လွန်ခဲ့တဲ့ ဘဝဆက်ပေါင်းများစွာကတည်းက ငေးကြည့်လာခဲ့သလိုမျိုး...
အဲ့ လူဆီက စကားသံအချို့ ထွက်ကျလာတယ်..
မသဲမကွဲဆိုပေမယ့် ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချပြီးသားဟန်နဲ့...သူ့နှူတ်ခမ်းဖျားက ထွက်ကျလာတဲ့ ခပ်တိုးတိုး စကားသံ အချို့...
သူ့ကို သွားခွင့်ပေးပါတော့တဲ့..
သူချစ်တဲ့သူနဲ့အတူ ပျော်ရွှင်ခွင့်ပေးပါတဲ့...အေးစက်နေပေမယ့် နွေးထွေးပုံပေါ်တဲ့ အဲ့ဒီလူရဲ့ ကျောပြင်ကိုငေးရင်း..
သူမ..မျက်ဝန်းထဲကနေ မျက်ရည်အချို့. စီးကျလာတယ်..
ရင်တစ်ခုလုံးလည်း နာကျင်လိုက်တာ...
ပေါက်ကွဲသွားတော့မလိုပဲ...သူမ ဘာလို့ ဒီလိုဖြစ်နေတာပါလိမ့်...
အဲ့ဒီလူရဲ့ ကျောပြင်ကို ငေးကြည့်မိရုံနဲ့ ဘာလို့ အဲ့လောက်တောင်နာကျင်နေရတာလဲ..
အဲ့ဒီလူက ဘယ်သူလဲ...
ရုတ်တရက်..
အဲ့ဒီလူက သူ့မဘက်ကိုလှည့်လိုက်တယ်...သူ....
သူမ အချိန်တွေအကြာကြီးငေးကြည့်ခဲ့ရတဲ့သူ..
သူမဘဝရဲ့ နတ်ဘုရား..
အမြတ်နိုးရဆုံး အမျိုးသား..သူမသူ့ဆီလက်လှမ်းလိုက်တယ်..
ဟင့်အင်း...မထားခဲ့ပါနဲ့...
သူမဘဝမှာ သူမရှိလို့မဖြစ်လို့ ပါ..သူက သူမကိုကြည့်ရင်း ပြုံးတယ်..
တစ်ကြိမ်တစ်ခါမှ သူမ မမြင်ခဲ့ဖူးတဲ့ အပြုံးမျိုးနဲ့..ပြီးတော့..သူ့ဘေးနားက ချောမောလှပတဲ့ မိန်းကလေးရဲ့ လက်ကိုတွဲလို့..
သူမတို့ ကို ကျောခိုင်းသွားတယ်...သူမ..သူနာမည်ကိုလှမ်းခေါ်လိုက်တယ်...
" Lu ge!!"
![](https://img.wattpad.com/cover/142232105-288-k349207.jpg)
VOUS LISEZ
ချစ်ခြင်းဖြင့်ထုံမွှန်း၍မြတ်နိုးခြင်းဖြင့်ဘောင်ခတ်ထားသည်
Fanfictionဂရိပုံပြင်ထဲက နေကြာပန်းလေးနဲ့နေမင်းသားလေးရဲ့ကြေကွဲဖွယ်ရာ ပုံပြင်လေးအကြောင်းနားထောင်ချင်သလား.. Sad endingတွေကိုနှစ်သက်ပါသလား.. အဆုံးသတ်တိုင်းဟာ စင်ဒရဲလား ပုံပြင်တွေလိုမှမဟုတ်ခဲ့တာပဲ...