ကဗျာ-၁

233 5 3
                                    

နေပူကျဲကျဲ ​နွေ​နေ၏ ​အောက်​တွင်​ စက်​ဘီးကိုယ်​စီစီးလာ​သော က​လေးနှစ်​​ယောက်​။က​လေးဟုသာ ဆိုလိုက်​​သော်​လည်း အရပ်​အ​မောင်းက လူငယ်​နီးနီးရှည်​ကြသည်​။

"မဲလုံး ​ဖြေး​ဖြေးနင်းကွာ မနက်​ကတည်းက ငါဘာမှမစားရ​သေးဘူးဟ"

စက်​ဘီးကိုအရှိန်​သပ်​ရင်း မဲလုံးဆိုသည့်​ က​လေးမှ

"အံမာ ​ပြောင်​ကြီး မင်းအ​ဖေ ငါက မနက်​က စားခဲ့တာဆို​တော့ ကိုယ့်​ဘာသာ အားမရှိရင်​မရှိဘူး မ​ပြောဘူး မြန်​မြန်​နင်း "
စကားတို့သာ ပွစိပွစိ ဆိုပြီး ​နောက်​မှ အမြန်​လိုက်​ရသည်​။မဲလုံးစကား​ကြောင့်​​တော့မဟုတ်​ ဒီအချိန်​သည်​ အသုတ်​ဆိုင်​က လူစည်​​သော​ကြောင့်​ မနည်းတိုးရမှာကို ​တွေး​ကြောက်​၍သာ။

မဲလုံး၏ အမည်​အပြည့်​အစုံက ပုည​နောင်​။အဌမတန်းအတူတူ တက်​ရမည်​ခြင်းတူ​သော်​လည်း ရှည်​ကိုင်းကိုင်းအရပ်​​ကြောင့်​ သူ့ကိုယ်​သူ ဘဝင်​​လေဟပ်​​နေ​သောသူတသ်​​ယောက်​။အရပ်​ပဲရှည်​၍ အသားမည်း​သော​ကြောင့်​ မဲလုံးဟု ​ခေါ်လျှင်​ ဘယ်​​တော့မှ မ​ကျေနပ်​။အစပိုင်းက ထိုးလားကြိတ်​လားရှိ​သော​လည်း ​နောက်​ပိုင်း​တော့ ​အောင့်​သက်​သက်​နှင့်​ အ​ခေါ်ခံရှာသည်​။

ပြောင်​ကြီးဟုအ​ခေါ်ခံရသည်​က အခြားအ​ကြောင်းအရင်း​ကြောု့်​မဟုတ်​။နှဖူး​ပြောင်​​သော​ကြောင့်​ ​ပြောင်​ကြီးဟု ​ခေါ်သည်​ ထင်​လျှင်​ မှားလိမ့်​မည်​။သူက နှဖူးတင်​​ပြောင်​သည်​မဟုတ်​ မျက်​ခွက်​ပါ​ပြောင်​​သော​ကြောင့်​ဖြစ်​သည်​။ဥပမာ..၇တန်းနှစ်​​ဖေ​ဖော်​ဝါရီ အစပိုင်း​လောက်​က သူ့​ကောင်​မ​လေး​ကျွေးသသည့်​ ​ချောကလက်​ကို သူ့crush ကိုးတန်းမ​မအား မျက်​ခွက်​​ပြော​င်​​ပြောင်​နှင့်​ သွား​ကျွေးမိခြင်း။စသည်​ဖြင့်​....။

ထင်​သည့်​အတိုင်းပင်​ ၁၂လမ်း အာပူဆိုင်​က ဒီအချိန်​ဆို အမြဲ လူညှပ်​​နေမြဲ...

"အစ်​မ အစ်​မ ဒီကိုလာပါဦး"​ ​​ပြောင်​ကြီးအသံ​ကြောင့်​ ​ငွေရှင်းတာကို ​စောင့်​​နေသည့်​အစ်​မက လက်​က​လေးကာပြသည်​။ထို​နောက်​ ခပ်​သွက်​သွက်​​လေး ဝိုင်းကို ​လျှောက်​လာသည်​။

"​မောင်​​လေးတို့ ဘာစားမှာလဲ"

"ကျွန်​​တော်​က ​ခေါက်​ဆွဲသုတ်​ ပဲမှုန့်​နဲ့​နော်​ နံနံပင်​ မထည့်​ဘူး အစပ်​က ​လျှော့မယ်​ ​ဟျောင့်​ ​ပြောင်​ကြီး မင်း​ရော ဘာစားမှာလဲ"
နားထင်​ကို တစ်​ချက်​ တစ်​ချက်​ ​ထောက်​လိုက်​​သေးသည်​။အမှန်​က စဉ်းစားခြင်းမဟုတ်​ ဟိုဘက်​ဝိုင်းက ​ကောင်​မ​လေး​တွေကို ဂိုက်​​ပေးခြင်းဖြစ်​လိမ့်​မည်​။

"ပုံမှန်​စား​နေကြပဲ အစ်​မ ဟီးဟီး မုန့်​ဟင်းခါးနဲ့ထမင်းနဲ့ ​ရောသုတ်​​လေး​နော်​ ကျွန်​​တော်​က ​နေ့တိုင်း​ရေချိုးတယ်​ အကုန့်​ထည့်​"

Waiter မမမှာ ရယ်​ချင်​တာကို ​အောင့်​ပြီး လှည့်​သွားသည်​။

"မဲလုံး ငါ့ကို ​ပြောင်​ကြီးလို့ မ​ခေါ်နဲ့ကွ ငါ့နှဖူးက မင်း​လောက်​​တောင်​မ​ပြောင်​ဘူး ငါ့နာမည်​ အံ့ဘုန်းတင်​ အပြည့်​အစုံ​ခေါ်လို့ရတယ်​"

ပြောင်​ကြီးဆိုသည်​မှာ အက်​လို လူပါးဝသည့်​​ကောင်​မျိုး။ချစ်​ခြင်​စရာ တစ်​ကွက်​မှမရှိ။ဘောပင်​​တောင်​ သနားလို့ အချစ်​ခံရမည့်​ ပုံမ​ပေါ်။

"ဟ မင်း​တောင်​ ငါ့ကို ပုည​နောင်​လို့ ​ခေါ်လို့လား မင်းက နှဖူးတင်​မကဘူး မျက်​ခွက်​ပါ ​ပြောင်​တာကို "

"ဟာ မင်းက အသားမည်းလို့ မဲလုံး​ခေါ်ခံရတာ​လေ ငါက အမြဲ သနပ်​ခါး​ရေကျဲလိမ်းတယ်​ကွ မင်း​လောက်​မ​ပြောင်​ဘူး ​ပြောင်းမ​ခေါ်ရင်​ မင်း​ဆေးလိပ်​ခိုး​သောက်​တာ အန်​တီ့ကို​တိုင်​မှာ"

"​သောက်​ကျင့်​က တစ်​စက်​မှ မ​ကောင်းဘူး မင်းရည်းစားထားတဲ့ ကိစ္စလည်း ပြန်​မတိုင်​ဘူး မထင်​နဲ့"

တစ်​​ယောက်​နှင့်​တစ်​​​ယောက်​ စားမတက်​ ကြည့်​​နေစဉ်​ စားစရာများ​ရောက်​လာ၍ ရန်​ပွဲက ပြီးသွားသည်​။ဟိုဘက်​ဝိုင်းက ​ကောင်​မ​လေးများက​တော့ တစ်​​ယောက်​ တစ်​​ယောက်​ လက်​တို့၍ ခိုးခိုးခစ်​ခစ်​ ရယ်​သံများသာ....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီfic​လေးကိုလည်း ဖတ်​ပြီး​ဝေဖန်​​ပေးကြပါဦး​နော်​။
Updateက​တော့ စိတ်​ကူး​ပေါက်​ရင်​ လာတင်​မယ်​😛😛

ချစ်​ခြင်းဖွဲ့ ကဗျာWhere stories live. Discover now