ချစ်ခြင်းနဲ့ တွေ့ဆုံရင်
ကဗျာတွေ ရေးတတ်သွားတယ်တဲ့
ငါက မင်းနဲ့ တွေ့ကတည်းက
ကဗျာတွေကို လှလှပပ
သီကုံးသွားတတ်ခဲ့တာ....။~~~~~~~~~~~~~~~~~~~~~~~~~
သစ်ရွက်မရှိသော အပင်အိုတို့သည်လည်း လမ်းလယ်ခေါင်တွင် ထီးထီးကြီးကျန်ရှိနေလေသည်။သစ်ပင်တင် အထီးကျန်သည်မဟုတ်။မဲပြောင် နှစ်ကောင်သည်လည်း အရိပ်မရသည့် သစ်ပင်အောက်တွင် ပုဆိုး ခေါင်းမြီးခြုံကာ ထီးထီးကြီး ထိုင်နေကြသည်။
အကြောင်းကား မနေ့ညနေက သခ်ျာကျုရှင် ပျက်သည့်အမှုနှင့် အိမ်က မိဘများက တုတ်ကိုယ်စီ ကိုင်နေခြင်းကြောင့်။"အိမ်လဲ မပြန်ရဲဘူးကွာ ဗိုက်က ဆာလှပြီဟ"
ပြောင်ကြီး၏ တစ်ခုတည်းသောမပြောင်သည့်အချိန်သည် အိမ်ကရိုက်လျှင် မျက်နှာပြောင်၍ မပြန်ရဲသည့်အချိန်ဖြစ်သည်။
"ငါလည်း ဆာတာပဲ ဗိုက်က ငါ့လည်း ပါတယ်ကွ"မဲပြောင်နှစ်ကောင်သည် အချိန်တိုင်းလိုလိုပင် ဗိုက်ဆာတတ်သည့် သတ္တဝါ နှစ်ကောင်ဖြစ်သည်။
ယခုတော့ နေပူပူတွင် နှစ်ကောင်လုံး နေလန်းခံရသည့် အလား။
"နည်းနည်းပါးပါး ကြံပါဦးပါကွာ မဲလုံးရာ မင်းက ဒါမျိုးကျ တော်ပါတယ်။အခု ငါ့အသားက မင်းနီးနီးရှိနေပြီ ငါ့ကိုချစ်ရင် ကြံပါကွာ နော်နော်"
puppy eyeနှင့် ပုတ်ခတ် ပုတ်ခတ် လုပ်ပြနေသော်လည်း ဒီကအကောင်ရင်က တုတ်တုတ်မှမလှုပ်။တင်ကိတ်ရင်ကိတ် ရှိသည့် လုလုအောင်တို့ပုံစံဆို တော်သေး။puppy eyeနှင့်မို့ korea ကောင်မလေးချောချော ဆိုလျှင် အနည်းငယ်တော့ လှုပ်ဦးမည်။ယခုများတော့....
"အောဂလီဆန်စရာတွေ မလုပ်စမ်းနဲ့ ဖင်တုန်းရာ မင်းကိုချစ်လို့တော့မဟုတ်ဘူး ငါအငတ်မခံနိုင်လို့ ကြံနေတယ်"
YOU ARE READING
ချစ်ခြင်းဖွဲ့ ကဗျာ
Storie d'amoreနွေနေကပူပူ မိုးသံကခြိန်းခြိန်း မြူနှင်းတို့ဝေဝေ ရာသီတို့ပြောင်းလဲပါစေ မင်းကိုချစ်တဲ့ ချစ်ခြင်းနဲ့ ကဗျာလေးတွေ သီထားတယ်။