ဖူးစာပါရင် ရွာလည်နေတောင် နောက်ဆုံးတွေ့ကြတယ်တဲ့...
မင်းနဲ့ငါက ရပ်ကွက်တွေလည်ပြီးရင် ပြန်တွေ့ရမဲ့ သူဆိုတာ မေ့မထားနဲ့ ။**************************
8တန်းတစ်နှစ်လုံး သူရှောင်ကိုယ်ရှောင်နှင့်သာ စာသင်နှစ် တစ်နှစ်စာပြီးသွားသည်။အိမ် တွေက ဘော်ဒါထားမည်ဟူသော အဆိုပြုချက်ကို နှစ်ဦးသား တိုင်ပင်ခြင်းမရှိပဲ ငြင်းပယ်နိုင်လိုက်ကြသောကြောင့် နှစ်ဦးသား သီးသန့်စာသင်ဝိုင်းဟူ၍ အကျယ်ချုပ်ကျသွားသည်။ ပထမတစ်ပတ်ကို စာမေးပွဲပြီး ဆိုပြီး နားခွင့်ရသွားသည်။မဲလုံးက ထုံးစံအတိုင်း တောင်တွင်းမြို့ကြီးဆီကို လွယ်အိတ်ချပြေးတော့သည်။ ကျွန်တော်ကရော....။
"ဟဲ့ မဲလုံးမရှိရင် နင့်မျက်နှာက ဘိန်းစားရုပ်နဲ့ " ပြောသူကအခြားမဟုတ် ချစ်လှစွာသော မကြီး။
"အာ မကြီးကလည်း ဘိန်းစားမပြောနဲ့ ဆေးလိပ်နံ့တောင်မခံနိုင်တာ ကိုယ့်မောင်အကြောင်းမသိတာလဲမဟုတ်ဘူး " ပြောရင်း မျက်စောင်းတစ်ချက်ပါထိုးလိုက်သေးသည်။
"အော ဟော ဟုတ်ပါပြီ ကိုယ်တော်လေးရယ် ကဲ လာအပြင်သွားရအောင် မကြီး မုန့်ဝယ်ကျွေးမယ်"*********************************
"ရော့ မင်းအတွက်"
မျက်စိရှေ့ရောက်လာသော ပစ္စည်းထုတ်ကို တစ်ချက်ကြည့်လိုက်သည်။ စကားသာအရင်လောက်မပြောဖြစ်ပေမဲ့ ကိုယ်ကြိုက်တာတွေယူလာပေးတော့ ....။
"ပြီး ငါနဲ့လိုက်ခဲ့ဦး ကားဂိတ်မှာ ပိန္နဲသီးထားခဲ့တာ ငါမနိုင်တော့လို့ မုန့်ပေးပြီးပြီနော် မင်းငြင်းလို့မရဘူး"
ပါးစပ်ထဲရောက်နှင့်နေပြီးသော သရက်သီးတောင်နင်သွားသလိုပင်။ ခေါင်းသာအသာငြိမ့်ပြလိုက်သည်။
နေပူကျို့တို့ကျဲတဲမှာ ရှေ့ကစက်ဘီးနင်းနေတဲ့ကောင်တော့မသိ ကိုယ့်အဖို့တော့ နောက်ကအသီးကိုင်ခဲ့တာပင် နဖူးကချွေး ပေါင်ကိုကျနေပြီ။ ဘောလုံးဘောင်းဘီတိုတိုအောက်က ပေါင်သားလေးတို့တော့ သနားလို့ တစ်ချက်တစ်ချက်သာ ကြည့်မိနေတော့သည်။ တော်သေး အပေါ်ထပ်အကျီလေးဝတ်ခဲ့မိလို့ ။
"မင်းနင်းတာ နှေးတာကွာ "
" မင့်ဘက စက်မဟုတ်ဘူးဟ"ပွစိပွစိ ရေရွတ်ရင်း စိတ်ထဲကသာ ကျိတ်မေတ္တာပို့နေရသည်။ ကိုယ့်ပေါင်ကို ကြည့်ရင်းက သူ့ခြေနင်းပြားဆီရောက်သွားတော့
"ဟေ့ကောင် မင်းဖိနပ်က "မကြား၍လား မကြားဟန်ဆောင်၍လားမသိ။
"ဟေ့ကောင် မင်းဖိနပ်တစ်ဖက်မပါပဲ နင်းနေတာ ပူကပူနဲ့ကွာ။"
"မင်းပူလို့ဆို ငါမြန်မြန်နင်းနေတာပဲကွ ဖိနပ်က ကျနေတာတောင် မကောက်ဘူး "
"ဟာကွာ မင်းပြန်မရှာချင်ရင် ငါ့ဖိနပ်စီး "
"မစီးဘူး ဟေ့ကောင် ငါ့ခြေထောက်က ခြေနင်းပြားပေါ်မှာ မင်းခြေထောက်က မြေကြီးပေါ်မှာ တရွတ်တိုက်နေတာ ရူးနေလို့ မင်းဖိနပ်ငါ့ပေးနေတာလား စက်ဘီးနင်းရ မောပါတယ်ဆို မင်းကတမှောက်"ငါကမင်းကြောင့် ရူးနေတာကွဆို ပြီး အော်ပြောခဲ့ချင်တာ။ ဒါပေမဲ့ တစ်ချိန်မှာ အတိတ်ကိုပြန်ကြည့်ခဲ့ဖြစ်ရင် မင်းနဲ့ငါ့အတွက် အမှတ်တရလှလှလေးတွေ ကျန်ခဲ့စေချင်လို့ ငါဘာမှမပြောခဲ့တော့ဘူး....။
အချစ်က လူကိုရူးစေတယ်....
မဟုတါဘူး
မင်းကမှ ငါ့ကို ရူးစေတာ။**********************
အခုချိန်ထိ ဇာတ်ကြောရိုးက အေးနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိတယ်။ပုံမှန် update မမှန်တာအတွက် အနူးအညွတ်တောင်းပန်ပါတယ် ။ စာဖတ်ပရိတ်သတ်တစ်ဦးချင်းဆီကိုလည်း ကျေးဇူးတင်တယ်။ ကိုယ်က အလုပ်တစ်ဖက်နဲ့ ကျောင်းတစ်ဖက်နဲ့မို့ update က ကြာသင့်တာထက်ကြာသွားတာပါ။ နောက်ပြီး ကိုယ့်ကို ဒီလို ဆက်ရေးဖို့ moti ပေးတဲ့ သူငယ်ချင်းမနဲ့ ကလေးတစ်ယောက်ကိုလည်းကျေးဇူးတင်တယ် ။ နောက်လည်း motivationများများပေးကြပါလို့ 😁
YOU ARE READING
ချစ်ခြင်းဖွဲ့ ကဗျာ
Romansaနွေနေကပူပူ မိုးသံကခြိန်းခြိန်း မြူနှင်းတို့ဝေဝေ ရာသီတို့ပြောင်းလဲပါစေ မင်းကိုချစ်တဲ့ ချစ်ခြင်းနဲ့ ကဗျာလေးတွေ သီထားတယ်။