ရင်ခုန်တာ အချစ်ကြောင့်ဆို..
မင်းမဟုတ်တဲ့ အခြားတစ်ယောက်ကို
နှလုံးသားက အစိုးမရပဲ
ဦးနှောက်ကများ အသိပေးလိုက်လို့
လှုပ်ခါမိလေသလားပဲ။***************************
မိုးဖွဲဖွဲလေးအောက်တွင် ထီးတစ်ချောင်းကို ဗရုတ်သုတ်ခ ဆောင်းလာသည့်ပုံကို မြင်မိသည့်လူတိုင်း စိတ်ခံစားမှူတစ်ခု မဟုတ် တစ်ခုတော့ ပေးသွားမှာအသေချာပင်။ရှပ်ပြာပြာလို့ပဲထင်မှတ်မလား ဗရုတ်သုတ်ခလို့ပဲ လွှတ်ခနဲပြောမလား ဟာသတစ်ခုလို ရယ်လိုက်မလား မဲ့ကနဲရွဲ့လိုက်လေမလား။ မဆိုင်တဲ့ သူတစ်ယောက်ကို ယခုကဲ့သို့ဝေဖန်နေသည်မှာ ကောင်းသေအာမူအကျင့်တော့ မဟုတ်မှန်းသိသည်။အဝေးကကြည့်ရတာ ကောင်လေးတစ်ယောက်ဟု ထင်ခဲ့သည်။အနားရောက်မှ ဝေခွဲမရဖြစ်တော့သည်။
သိုပေမဲ့.. ထိုသူသည် အင်မတန်မှ လှပလွန်းခဲ့သည်။
***********************
YOU ARE READING
ချစ်ခြင်းဖွဲ့ ကဗျာ
Lãng mạnနွေနေကပူပူ မိုးသံကခြိန်းခြိန်း မြူနှင်းတို့ဝေဝေ ရာသီတို့ပြောင်းလဲပါစေ မင်းကိုချစ်တဲ့ ချစ်ခြင်းနဲ့ ကဗျာလေးတွေ သီထားတယ်။