ကျွန်တော် အပြင်မှာလည်း စာရေးဖြစ်တယ်ဗျ။ဥပမာ facebook လိုနေရာမျိုးတွေ စာအုပ်တွေထဲမှာပေါ့။အခုလောက်တော့ ၀မ်းမနည်းဖူးဘူးဗျ။ဒီဝတ္ထုလေးရေးတော့ ကျွန်တော့ ငယ်ဘ၀တွေတော်တော်များများကို ထည့်ရေးထားတော့ တော်တော်လေးကို အားစိုက်ထားမိတယ်။အားစိုက်ထားသလောက် တန်ပြန်မှုမရသလိုခံစားရတယ်။ကျွန်တော်ကပဲ အလကားနေရင်း ၀မ်းနည်းတတ်လားမသိဘူးဗျာ။စာရေးတာကို မြတ်နိုးမိတော့ ဖတ်မဲ့သူဘယ်သူမှမရှိလဲ ဆက်ရေးမယ်ဆိုပြီး ကိုယ့်ဘာသာ အားတင်းရင်း ရှေ့ဆက်ရေးခဲ့တာ။အခုရေးနေရင်း စိတ်ဓာတ်တွေတော်တော်ကျလို့ ရေးမိရေးရာ တွေတင်မိသွားတာပါ။ကျွန်တော့်စာဖတ်တဲ့သူတွေကို စိတ်အနှောက့်အယှက်ပေးမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ။ကျွန်တော့်စိတ်ကို အရှင်းအလင်းဆုံး ဖြစ်အောင်လုပ်ပြီးရင် ကျွန်တော်ပြန်လာပါ့မယ်ခင်ဗျာ။
YOU ARE READING
ချစ်ခြင်းဖွဲ့ ကဗျာ
Romanceနွေနေကပူပူ မိုးသံကခြိန်းခြိန်း မြူနှင်းတို့ဝေဝေ ရာသီတို့ပြောင်းလဲပါစေ မင်းကိုချစ်တဲ့ ချစ်ခြင်းနဲ့ ကဗျာလေးတွေ သီထားတယ်။