ကဗျာ.၎

78 4 3
                                    

    ကဗျာမှာ အဖို အမ ခွဲမထားကြဘူးကွာ..
    အဲ့လိုပဲ အချစ်မှာလည်း အထီး အမ
    ခွဲခြားခြင်းမရှိဘူး။

***************************

       ဖန်ခါးမြေ၏ နွေအရှိန်က ထနောင်းပင်လျှင် အရိုးပြိုင်းပြိုင်းကျစေသည်။ညနေ ၃နာရီခွဲအချိန်သည် နေမင်းကြီး၏ အစွမ်းသတ္တိတို့အား အားကြိုးမန်တက်ထုတ်ပြလျက်ရှိသည်။မည်သို့ပင် ဆိုစေကာမူ ယနေ့ ကျင်းပနေသော စာမေးပွဲက ဆက်၍ ဖြေရဦးမည်သာ။

     ပေါက်ကစ ဆံပင်ထိုးထိုးထောင်ထောင်သည်လည်း နေ၏ အပူကိုအံမတုနိုင်ပါ။တွက်လက်စ အီရာရှင်နယ် ရာရှင်နယ်ကိန်းတို့သည်လည်း ကောင်းစွာပြောင်ပြနေသည့်နယ်။အချို့ root  ကိန်းများသည် လျှာပင်ထုတ်နေသည့်ယောင်။အသေးစားစာမေးပွဲဟု ဆိုသော်လည်း ပေးမည့်ဆုထက် ရမည့်ကြိမ်ဒဏ်ကို ကြောက်နေသည်ဟု ဆိုလျှင် ပို၍ မှန်မည်။
      
    "အံ့ဘုန်းတင်..."

    ထိုးထိုးထောင်ထောင်ဆံပင်များကို ပွတ်သတ်ရင်း ဥာဏ်များထွက်လိုထွက်ငြား စဉ်းစားနေသည်ကို ဆရာမက မည်ကဲ့သို့ထင်သွားသည်မသိ။အရှေ့ဝိုင်းမှ စာကုန်းတွက်နေသော ကောင်မလေးများကလည်း စပ်စပ်စုစု ပြန်ကြည့်ကြသည်။ထိုအထဲတွင် အံ့ဘုန်းတင်၏ crush  အသစ်ကမပါ.. ။

      "ခင်ဗျာ ဆရာမ..ဟီး ဟီး "

      " နင့်တွက်လေ ခေါင်းကိုင်လိုက် နားရွက်ပွတ်လိုက်နဲ့ စာကြည့်ခဲ့ပါဆိုတာကျ နားမထောင်ပဲ "

      "ညက ကြည့်ခဲ့တယ်ဆရာမ ဟီး ဘောပင်အဖျားမှာတင် တွက်ရမဲ့ ဂဏန်းတွေက တစ်နေတာ.."

        "ပေါက်ကရမပြောစမ်းနဲ့ နင့်အမေပြန်တိုင်မှာနော် ဒီတစ်ခါ အမှတ်နည်းလို့ကတော့ ငါ့ပြန်မပြောနဲ့တော့ ဖြေတော့ ဒါနဲ့ မင်းသူငယ်ချင်း ပုညနောင်လည်း ပြန်ခေါ်တော့ စာတွေနောက်ကျရင် မင်းကပြန်ရှင်းပြမဲ့သူမဟုတ်ဘူး"

      "ဟုတ် "

       
        ထိုကောင် မဲလုံးကလည်း ကိုရင်ထွက်ကတည်းက သူ့အမေတို့ရွာ လိုက်သွားတာ အခုထိ ပေါ်တော်မမူသေး။စာမလိုက်နိုင်မှာတော့မစိုးရိမ် မဲလုံးဆိုသည့်ကောင်က ကျန်တာတွေသာ တုံးချင်တုံးမည်။သခ်ျာနှင့် ပတ်သတ်လျှင် သူများထက် တော်သည်ဟု ဆိုရမလားပင်။

ချစ်​ခြင်းဖွဲ့ ကဗျာWhere stories live. Discover now