ကဗျာ.၇

39 2 13
                                    

        ရာသီဥတုက ဆွေးဆွေးမြေ့မြေ့ အေးစက်စက်နိုင်နေသော်လည်း ကျောင်းတက်ရသည့်ခံစားချက်က ကမ္ဘာပေါ်တွင် စိတ်အပျက်ဆုံးအရာပင်ဖြစ်သည်။ ရှေ့ကရှင်းပြနေသော ရာရှင်နယ် အီရာရှင်နယ်သည်လည်း ဘယ်နေရာတွင် အငွေ့ပျံသွားသည်မသိ။ မျက်တောင်မခတ်ကြည့်နေသည့် မျက်ဝန်းအစုံသို့ရောက်မလာခဲ့ပေ။ ဘေးနားတွင် မဲလုံးသာရှိလျှင် တို့စိတ်နေရရင်တောင် ဒီလောက်ငရဲကျနေသည်ဟု တွေးမိမည်မထင်။ ၇တန်းတုန်းက ကိုယ်စာမကျက်ခဲ့သည်ကို ပြန်ပြီးနောင်တရမိသလို။ ဒီပုံစံနဲ့ဆို ဆယ်တန်းတောင်အောင်ပါ့မလား။ ဟူး....အံ့ဘုန်းတင် မင်းတော့မလွယ်ဘူး။
      အတွေးများက အတိတ်ရောက်လိုက် ပစ္စုန်ပ္ပန်တွင် ရပ်တည်လိုက် အနာဂတ်ဆီ ခုန်သွားလိုက်နှင့်။ ကိုယ်တစ်ယောက်တည်းသာ ကျော်ခွနေသည်။
     ဒေါက်!!!
    ပြောင်တက်နေသော နဖူးဆီသို့ မြေဖြူတိုက လာထိမိမှ ပစ္စုပ္ပန်သို့ ပြန်ရောက်လာသည်။ ကိုယ်ရှိနေသည်က ဆရာမဒေါ်ကြည်ချစ်သင်နေသော သခ်ျာ ၁ ချိန်တွင် ရှိနေသည်ကို မေ့သွားခြင်းပင်။
      "ကဲ မောင်အံဘုန်းတင် ဘယ်ကမ္ဘာဆီရောက်နေလဲ.."
     ဆရာမအသံက အနည်းငယ်ပင်ကျယ်နေပြီဖြစ်သည်။ ပုံမှန်အားဖြင့် ဆရာမအသံသည် တိုးသည်ဆိုသောအသံထဲတွင်ပါသည်။ ဆရာမ၏အသံ ဤကဲ့သို့ကျယ်နေလျှင် စိုးရိမ်ရေအမှတ်သို့ရောက်နေပြီဟု ပြောနိုင်သည်။
   "ဗျာ!!! ဟီး...သားက စဉ်းစားနေတာ သားသာသခ်ျာ ပေါင်မုန့်ခကြီး ဖြစ်ရင် အဲ..လေ ပါမောက္ခကြီးဖြစ်ရင် ကလေးတွေကို လေးနက်စဉ်းစားတာတွေပေးမယ်လို့ ဟီး " အတန်းထဲရှိ ကိုယ့်ဘော်ဒါများသည်လည်း အားပေးရှာကြပါသည်။ အပြုံးစစများနှင့် ဆရာမမျက်နှာသည်လည်း အနည်းငယ်အရောင်ပြောင်းနေပြီဖြစ်သည်။ ထို့နောက်အသံထွက်လာသည်။
      "စဉ်းစားချင်သပ့ဆို နောက်မှစဉ်းစားခိုင်း ရှေ့ဆက်မယ်"
       သခ်ျာ၃ပုဒ်စာသင်ပြီးသွားချိန်တွင် မုန့်စားဆင်းသွားသည်။ ညနေကျ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲရှိသည်မို့ ၃ ၄ အချိန်တွင် ခေါင်းဆောင်များက အခမ်းအနားပြင်ဆင်ရမည်တဲ့။

**********************************

         မုန့်စားဆင်းတော့ မဲလုံးအတန်းရှိရာသို့ လာလိုက်သည်။မြင်လိုက်ရသည့်မြင်ကွင်းက မယုံနိုင်စရာပင်။ ကောင်မလေးတစ်ယောက်နှင့်စကားပြောနေသည်။ပြောနေသည့်ကောင်မလေးက တစ်နေရာတွင်မြင်ဖူးသလို...။အတိအကျတော့ မသိ။
         "ပြောင်ကြီး ပုညနောင်ဆီလာတာလား"
        ခေါ်လိုက်သူကအခြားမဟုတ်။ဝေမွန်ပိုင်ဖြစ်သည်။သူ၏နာမည်ပြောင်မရှိသေးတော့ခေါ်ရတာ နည်းနည်းတော့ခက်သည်။
      "အင်း ဟုတ်တယ်ကွ မုန့်စားသွားအောင် လာခေါ်တာ အကောင်က သာယာနေတော့ ခေါ်ရမှာ အားနာတာ မင်းလိုက်မလား"
       "ငါက ခုမှပြန်ခဲ့တာကွ လိုက်ခဲ့တာပေါ့ကွာ "
       နှစ်ယောက်သား တက်ညီလက်ညီ မုန့်စားသို့သွားကြလေသည်။

**********************************

        ခုဏက ပြောင်ကြီးကိုတွေ့လိုက်သလိုပင်။ အခုကြည့်တော့ ဘယ်ရောက်သွားသည်မသိ။ အင်ကြင်းရုံဆိုသည့်ကောင်မလေးက ကသာကမေမေ့သူငယ်ချင်း၏သမီးဟူ၍မိတ်ဆက်ပေးထားသောကြောင့်လူမှုရေးအရအားနာ၍စကားပြောနေခြင်းပင်။

        မုန့်ဆိုင်ဘက်သို့ လိုက်လာခဲ့လိုက်သည်။ကိုယ်တော်ချောက ခေါက်ဆွဲပြုတ်ကိုအားရပါးရထိုင်စားနေပြီဖြစ်သည်။
      "မင်းတို့ကွာ ငါ့တော့မစောင့်ဘူး"
 
      "မင်းဘာသာဖွန်ကြောင်နေတာကွ" စကားလုံးတို့သည် မည်သည့်အချိန်ကပင်စီထားသည်မသိ။ ခေါက်ဆွဲစားနေသည့်ကြားကအစီအရီထွက်ပေါ်လာသည်။

      "မဟုတ်ပါဘူးကွာ " တစ်ခွန်းသာပြော၍ အသားတုခြောက်ကြော်ဝယ်နေလိုက်သည်။ ဟိုဘက်ဆိုင်မှာ မုန့်ဝယ်နေသော ဝေမွန်ပိုင်လည်းပြန်ရောက်လာသည်။
     "ဟ စကားဝိုင်းက ငြိမ်လှချည်လား ရန်ဖြစ်ထားကြတယ်လား"
       "မဟုတ်ပါဘူးကွာ "
       ခေါက်ဆွဲယူမည့်တူက ခေါင်းပေါ်ရောက်လာသည်။ အခြေအနေမဆိုးတော့ဘူး ဟု စိတ်ထင်မိလာသည်။ သို့သော် ရန်ဖြစ်စရာ အကြောင်းမရှိပဲ စကားတို့ အသက်မဲ့သွားသည်ကို မုန်းသည်။

********************************

    အသက်ရှင်နေလျက်နဲ့ ရင်ခုန်ချင်တယ်...
    မင်းကိုမြင်နေလျက်နဲ့ ငါပြုံးချင်တယ်...
     အကြောင်းမရှိပဲ စကားတို့
     အသက်မဲ့သွားတာကို မုန်းတယ်...

AN/ ဒီfic လေးကို မရေးတော့ဘူးဆိုပြီးပစ်ထားတာ။စိတ်ဓာတ်ကျသွားတာလည်းပါတာပေါ့ ဒါမဲ့ တစ်ကူးတစ်က အားပေးကြတာမြင်တော့ ငါပြန်ရေးမယ်ဆိုပြီး အားခဲပြီးရေးလိုက်တာ။ နည်းနည်းကြာသွားတော့ မေ့နေကြပြီနေမယ်။ အစကပြန်ဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် 😁

ချစ်​ခြင်းဖွဲ့ ကဗျာWhere stories live. Discover now