ကဗျာ. နိဂုံး

29 1 4
                                    

အချစ်မရှိပဲ အသက်ရှင်ခဲ့တယ်
မင်းမရှိပဲ အသက်ရှင်ခဲ့တယ်...။

     တိမ်စိုင်တွေပြေးလွှားနေတာကိုကြည့်ရင်း တစ်ချိန်က စက်ဘီးအတူတူစီးခဲ့ဖူးတာတွေကို မြင်ယောင်မိတယ်။
       ကန်ဘောင်ကြီးလှပနေတာကို မြင်မိတော့ တစ်ချိန်က ငါးခိုးမျှားခဲ့ဖူးတာတွေက အိပ်မက်တွေအလား။
        ကောင်းကင်ယံက စွန်လေးတွေကိုမြင်မိတော့ ထိန်းချုပ်သူကို တစ်ချက်ကြည့်မိတယ် ။
မင်းများဖြစ်နေမလားဆိုတဲ့အတွေးနဲ့ပေါ့...။
        အချိန်တွေကြာညောင်းခဲ့ပြီ...။
         ပြဿနာအမြဲရှာမိတဲ့ ငါ့ကိုပဲ မင်းသတိရနေမလား...။ပြဿနာအိုးနဲ့ လွဲသွားလို့ပဲ မင်းပျော်နေမလား...။
         မင်းတွဲခဲ့တဲ့လက်တစ်စုံက ငါ့ရဲ့လက်တစ်စုံမဟုတ်ခဲ့လို့ ဝမ်းနည်းတာကလွဲရင် မင်္ဂလာခမ်းမကြီးရဲ့ အလယ်က ‌ပြုံးပျော်ရွှင်နေတဲ့ မင်းကို ပျော်ရွှင်မှုအပြည့်နဲ့ ကောင်းချီးဩဘာပေးနေပါတယ်...။
         ချစ်ခြင်းကြောင့် ကဗျာဖြစ်တည်ခဲ့ပေမဲ့...။ကဗျာကြောင့်တော့ အချစ်တွေမဖြစ်ခဲ့ဘူး ...။
.
.
.
.
ပြီးပါပြီ...။
.
.
.
April fool 😁😁
လုပ်စရာလူမရှိလို့ ကိုယ့်Ficလေးကို ဖတ်မဲ့သူတွေကို အရူးလုပ်လိုက်ပါတယ် 😁

ချစ်​ခြင်းဖွဲ့ ကဗျာWhere stories live. Discover now