အပိုင်း တစ်

2.4K 203 5
                                    

နှစ်သစ်ကူးချိန်ဆိုတာ
ပျော်စရာအကောင်းဆုံး အချိန်ပေမို့
ပျော်ပွဲရွှင်ပွဲ partyကျင်းပကြတာမဆန်း။

မဖြစ်မနေလုပ်ရတဲ့ ကိုယ့်ရဲ့company နှစ်သစ်ကူးပာတီပွဲတော့မပါ။ စိတ်ပျက်စရာ၊ CEOပေမို့ မတက်လို့မရတဲ့အခြေနေမို့သာ။ ရှောင်လွှဲလို့ရရင် ရှောင်လွှဲချင်သည်။

ကိုယ့်အလိုသာဆို အယ်လန်မြို့တစ်ခွင် အေးဆေးလျှောက်သွားပြီး မီးရောင်စုံအလှတွေငေးကြည့်နေလိုက်မှာ။ ည၁၂နာရီမှာ ရေဇီမြစ်ကမ်းဘေးသွားပြီး မီးရှူးတွေဖောက်တာကို ဘီယာလေးသောက်ရင်း ထိုင်ကြည့်နေမိမှာ။

အခုတော့~

မျက်နှာဖုံးတွေနဲ့သူတွေကို ဟန်ဆောင်ပြုံးပြရ။
ကိုယ့်ကိုညာပြီးပြောနေမှန်း သိရက်နဲ့ မသိချင်ယောင်ဆောင်ပေးနေရနဲ့ သိပ်မွန်းကျပ်ဖို့်ကောင်းတယ်။

"တစ်ခုခုလိုရင်ခေါ် ငါနားနေခန်းမှာရှိမယ်။"

"ဟုတ်ကဲ့ CEO Wu"

မှာထားခဲ့ပြီးတာနဲ့ ကိုယ်ခပ်သုတ်သုတ်လျှောက်တော့သည်။
မရတော့။ ကိုယ်သွားမှဖြစ်တော့မှာ။ ဒီမွန်းကျပ်မှုတွေကြား ကိုယ်တစ်စက္ကန့်တောင် မနေချင်တော့ဘူး။ ကိုယ့်နေရာက အဲ့လိုလုပ်ဖို့ အခွင့်ရှိနေတာပဲ။

ကျွန်းရောင်တောက်နေတဲ့ အခန်းရှည်ကြီးက လင်းထိန်လို့။ အောက်မှာခင်းထားတဲ့ကော်ဇော်တွေပေါ် နင်းဖြတ်လျှောက်ပြီး ပထမဆုံးတွေ့ရတဲ့ ဆိုဖာပေါ် တစ်ကိုယ်လုံးပစ်မှီကာ ထိုင်ချလိုက်သည်။ ပါတီကအသံတွေတော့ ခပ်တိုးတိုးသာ ကြားရတော့သည်။ အခန်းထဲမှာ ကိုယ်တစ်ယောက်တည်း။

ကောင်းတယ်။ ဒီအချိန်မှာကိုယ်လိုအပ်နေတာ အထီးကျန်ခြင်း။ ဘယ်သူမှမလိုဘူး။ အေးဆေး တစ်ယောက်တည်းသာနေချင်တယ်။

ဒေါင် ဒေါင် ဒေါင်

တိုင်ကပ်နာရီမှ အသံမြည်တော့ အပြင်ဘက်မှ ဟေးကနဲ အော်သံတွေကိုကြားရတယ်။ ပြတင်းပေါက်ဖက်ကို ကြည့်မိတော့ လှပစွာဖြာထွက်နေတဲ့ မီးပန်းတွေ။ မျက်စိကိုမှိတ်ရင်း ဘာရယ်မဟုတ် ခပ်တိုးတိုးညည်းမိတယ်။ ဒါဟာဆုတောင်းတာမဟုတ်။ ဖြစ်ချင်တာကို ကိုယ့်ဘာသာသိအောင်လုပ်ကြည့်တာ။
ထွက်သွားတဲ့စကားက

Pine A'wayWhere stories live. Discover now