အပိုင်း ခြောက်

1K 175 34
                                        

၇ရက်...၇ရက်ရှိသွားပြီ။
ကောက်စိန်လေး ကိုယ့်ကိုကောက်နေတာ။
လေလံပွဲပြီးတည်းက ပေါ်ကိုမလာတော့တာ။
ကိုယ့်မှာလိပ်စာလည်းမရှိ၊ ဖုန်းနံပါတ်လည်းမရှိနဲ့။ အပြင်ထွက်တိုင်း တွေ့သမျှလူလိုက်လိုက်ကြည့်ရတာ ကိုယ့်မှာရှာပုံတော်မင်းသားကြီးကို ဖြစ်လို့။
ခက်တယ်ကလေးရယ်။ မင်းလေးကတော့ ဘယ်လိုနေလဲမသိပေမဲ့ ကိုယ်တော့အရူးတစ်ပိုင်းပါပဲ။

မျက်လုံးမှိတ်လိုက်တာနဲ့ အတွေးထဲ
မျက်လုံးဝိုင်းဝိုင်းလေးတွေပေါ်လာလွန်းလို့ အိပ်ရေးပျက်ရတာလည်းမနည်း။
မျက်လုံးဖွင့်ထားပြန်ရင်လည်း မင်းပုံစံလေးပဲ အာရုံထဲစွဲနေလွန်းလို့ ကိုယ့်မှာဒုက္ခတွေများနေရပါပြီ။


မနေနိုင်တော့တဲ့အဆုံး ကိုယ်လုပ်နိုင်တဲ့တစ်ခုတည်းသော အရာကိုသာလုပ်ရတော့တယ်။

ဒါကိုယ့်မျှော်လင့်ချက်ပါ ကလေး။

နာမည်ကြီးနေ့စဉ်ထုတ်သတင်းစာ ဆယ်စောင်မှာ
"Chanyeolသို့
ကိုယ်တောင်းပန်ပါတယ်၊ မင်းအပေါ်မှာထားတဲ့ ကိုယ့်စေတနာကို မထင်မလွဲပါနဲ့။ ကိုယ့်ကိုအရင်လို ပြန်လာတွေ့ပါ"

ဆိုသော စာသားကိုအောက်က ကိုယ့်နာမည်နဲ့တွဲပြီး နေ့တိုင်းကြော်ညာထည့်လိုက်သည်။
တစ်စောင်စောင်မှာတော့ သူဖတ်ဖြစ်ကောင်းပါရဲ့။

တစ်ပတ်လုံးလုံး ဆက်တိုက်ထည့်တာတောင် အခြေနေကမထူးခြား။ ကိုယ့်ကိုသေအောင် သတ်ဖို့များကြံစည်နေရော့သလား။

၈ရက်မြောက်နေ့ သတင်းစာမှာတော့ ထူးထူးခြားခြား ကြော်ငြာတစ်ပုဒ်ပါလာပါတော့သည်။

"Wu Yi Fanသို့
ကျွန်တော့်ကိုတွေ့ချင်ရင် မနက်ဖြန်မနက်၁၀နာရီမှာ မြစ်ဘေးက ပန်းခြံကိုလာခဲ့ပါ။"

ဆိုသော Chanyeolထံမှစာကို တွေ့ရပါတော့သည်။

OK!!
အဆက်သွယ်ပြန်လုပ်လို့တော်ပါသေးတယ်။
မတွေ့ရတာနှစ်ပတ်တောင်ရှိနေပြီဆိုတော့
ကိုယ်ပြင်းပြင်းပြပြသတိရနေတာ ဖြစ်သင့်ပါတယ်လေ။


                      ❇❇❇❇❇❇❇❇❇


သူချိန်းသောပန်းခြံကို ခပ်စောစောရောက်နေလိုက်သည်။ နာမည်ကြီးပန်းခြံဖြစ်သောကြောင့်
ဧကအများကြီးကျယ်ဝန်းသည်။ အပင်မျိုးစိတ်များလည် အတော်စုံသည်။

Pine A'wayWhere stories live. Discover now