ဒေလီယာပြခန်း။
တန်ဖိုးကြီးလက်မှုပညာများ စုစည်းရာနေရာ။
နာမည်ကြီးအနုပညာသည်များရဲ့ ကြွေလက်ရာများ၊ ငွေထည်ပစ္စည်းများအပြင်၊ ရှေးဟောင်းပစ္စည်းများ၊ ဆံထိုးများစတဲ့ ယဉ်ကျေးမှုအနုပညာပစ္စည်းတွေ ပြသသော
မြို့ရဲ့နာမည်ကြီးနေရာ။ဒီနေ့လေလံပွဲမှာ ကိုယ်စိတ်ဝင်စားတာက ကြွေပန်းအိုး။ ဗို့ဒ်မာ၏ နာမည်ကြီးလက်ရာ။ ထိုပန်းအိုးကို ရုံးခန်းမှာ အလှထားဖို့ စိတ်ကူးဖြင့်။ လေလံနိုင်အောင် လုပ်ဖို့စဉ်းစားထားသည်။
လေလံပွဲမှာအလှဆင်ထားတဲ့ နှင်းဆီဖြူဖြူတွေမြင်တော့ Chanလေးကို သတိရသွားသည်။
ကိုယ့်ကိုတစ်နေ့တစ်မျိုးမရိုးရအောင် တစ်ပတ်လှည့်နေသော သူ့ကို ရယ်လည်းရယ်ချင်သား။
နောက်ယောင်ခံလိုက်မှန်းသိလို့ တွေ့ထဲအဆောင်ထဲဝင်ပြီး အကွက်ရွှေ့သွားသည်။ အကွက်တွေလှတယ် Chanyeol. သူလိမ်ပါတယ်ဆိုပြီး ဝန်ခံသွားသလို တစ်ဆက်တည်းမှာထပ်လိမ်သွားပုံက။မင်းကိုတော့ လိုက်လို့မမှီပါဘဲ Chan....
အဲလေ Chanyeol။
မျက်လုံးအစုံပြူးကျယ်သွားသည်က
လေလံပွဲထဲဝင်လာသူ Chanyeol။
သူဘာလာလုပ်တာလဲ။
သေချာပါသည်။ လိမ်ဖို့ပါ။ တစ်ယောက်ယောက်ကို အကွက်ရွှေ့ဖို့ပါ။ ကိုယ်ရှိမှန်း သိသိရက်နဲ့လာပုံထောက်ရင် မင်းသတ္တိသိပ်ကောင်းတယ်Chanyeol။
ပထမဆုံး လေလံက ကိုယ်သိပ်စိတ်ဝင်စားနေတဲ့ ကြွေပန်းအိုး။ လုပ်ငန်းရှင်တစ်ယောက်နဲ့ ဈေးပြိုင်ခေါ်ရင်း ကိုယ်အနိုင်ရသွားသည်။
Chanyeolတစ်လုံးမှ ဝင်မပြော။ ဈေးလည်းမခေါ်။ သူစိတ်ဝင်စားတာက ဘာပါလိမ့်။
နောက်တစ်ပွဲကတော့ ငွေပန်းကန်ပြား။
လေလံစကတည်းက Chanyeolသည်
မိန်းကလေးတစ်ယောက်နဲ့အပြိုင် ဈေးခေါ်သည်။ ထိုမိန်းကလေးကို ကိုယ်သိသည်။
သံအမတ်ကြီး၏သမီး။ ထိုမိန်းကလေးနဲ့အပြိုင်အဆိုင် ဈေးခေါ်သည်။ သူတို့နှစ်ယောက်နှင့်ပင် ပွဲကတော်တော်ကြည့်ကောင်းနေသည်။
နောက်ဆုံး ထိုမိန်းကလေးနိုင်သွားသည်။
ESTÁS LEYENDO
Pine A'way
Fanficအမြဲညာတတ်တဲ့သူက ထိုအမှန်တရားကိုတော့ တသက်လုံးယုံကြည်အောင် သက်သေပြခဲ့ပါတယ်~ အမြဲညာတတ်တဲ့သူက ထိုအမှန်တရားကိုတော့ တသက်လုံးယုံကြည်အောင် သက်သေပြခဲ့ပါတယ်~