အပြင်ပတ်ဝန်းကျင်က အရာတွေကို ကားပေါ်ကတမေ့တမောငေးရင်း Chanyeolဟာ တိတ်ဆိတ်စွာလိုက်ပါလာခဲ့သည်။
ကိုယ့်အတွက် သူဘယ်သွားချင်ချင် လိုက်ပို့ဖို့သာ အဆင်သင့်ဖြစ်နေခဲ့သည်မို့။
တောင်ကိုပတ်ကာဖောက်ထားတဲ့ ကျောက်လမ်းက ကားနှစ်စင်းသွားရုံသာ။ ကားဘေးက တောင်နံရံတွေက ရိပ်ရိပ်သာ ကျန်ခဲ့တော့သည်။သုံးနာရီလောက်မောင်းပြီးသွားသောအခါ
အေးချမ်းသော ကျေးလက်ဒေသကိုရောက်ရှိလာတော့သည်။ ဒီဒေသမှာ အများဆုံးစိုက်တာက စပျစ်ခင်းတွေ၊ ခရမ်းချဉ်သီးခင်းတွေ။လူအားလုံးကိုယ့်အလုပ်ကိုယ်စီ လုပ်နေသော
စိုက်ခင်းကြားထဲကို တစ်ယောက်လက်တစ်ယောက် ချိတ်ကာ ပတ်သွားကြသည်။အပင်ငယ်လေးတွေ မနင်းမိအောင်လည်း သတိထားရသေးသည်။
Chanyeolကို အအေးမပတ်အောင် ဆွယ်တာထူထူကို ဝတ်ပေးထားရသည်။ ဒီနေရာကို သဘောကျသည်ထင်သည်။ ချောင်ကျနေသော မျက်နှာလေးက အနည်းငယ်ဝင်းပနေသည်။လွန်ခဲ့တဲ့တစ်ပတ်က ဆေးရုံမှာဆေးသွားစစ်ထားရသည်။ အားနည်းနေတဲ့ပုံနဲ့ သူတစ်ခုခုဖြစ်မှာ ကိုယ်အရမ်းစိုးရိမ်ပါသည်။
"ဖြည်းဖြည်းလျှောက် Chanyeol မောနေပြီလား?"
မမောကြောင်း ခေါင်းခါပြသေးသည်။ ထပ်လျှောက်ဦးမယ့်ပုံပေါ်နေသဖြင့်
"လာ ခဏနားဦး"
ဆိုကာ စားပွဲဝိုင်းတစ်ခုသို့ဆွဲခေါ်လာရသည်။
ဒေသခံတွေ ဧည့်ခံသော အသီးအနှံများနဲ့ စပျစ်ဝိုင်ကို အရသာခံသောက်နေသည်။
Chanyeolက အသီးအနှံများကို အလွန်နှစ်ခြိုက်သည်။ ပေါင်မုန့် ကိတ်မုန့်များကိုလည်း အတော့်ကိုကြိုက်သည်။"ဒီနေရာလေးက နေလို့ကောင်းတာပဲ။ ခေါ်လာပေးလို့ ကျေးဇူးတင်တယ်။"
"မလိုပါဘူးကွာ။ မင်း သွားချင်ရင် ဘယ်နေရာဖြစ်ဖြစ် ကိုယ်ကလိုက်ပို့မှာ။"
"ကျွန်တော်ကလည်း ဘယ်နေရာဖြစ်ဖြစ် ခင်ဗျားနဲ့သာဆို သွားဖို့အဆင်သင့်ပဲ။"
သူပြောတဲ့စကားကို ကိုယ့်မှာသဘောကျလွန်းလို့ ပါးတွေကိုညှစ်ဆွဲသောအခါ ဝူးဝါး.အော်ဟစ်ပြီး ရုန်းနေသေးသည်။ ခဏနေတော့ ဘာမှမပြောပဲ လုံးဝကိုတိတ်ကျသွားသည်။
ВЫ ЧИТАЕТЕ
Pine A'way