အပိုင်း ခုနစ်

1.1K 169 25
                                    

ပန်းခြံမှာတွေ့ပြီးတော့ ပြန်ခါနီးကျ
ကိုယ့်ကိုသူ့အိမ်လိပ်စာပေးသွားသည်။
တကယ်ဟုတ်မဟုတ်တော့ ကိုယ်လည်းမသိ။

ပန်းခြံကပြန်လာပြီးတည်းက ရှင်းစရာရှိတဲ့စာရင်းအင်းတွေ လက်မှတ်ထိုးစရာတွေအကုန်လုပ်။ ဖြတ်စရာရှိတဲ့ အလုပ်ဟူသမျှအကုန် ဖြတ်ရသည်။

မနက်ဖြန် သူ့အိမ်ကိုသွားမည်။ သူပေးထားတဲ့ လိပ်စာ ဟုတ်တာ မဟုတ်တာ အသာထား။
ကိုယ်သူ့ဆီကို သွားချင်သည်။ ကိုယ်သူနဲ့တရက်လုံး အတူရှိချင်သည်။

နှင်းဆီအဖြူတွေပေးချင်သည်။
သူနဲ့အတူ မနက်စာရော နေ့လည်စာရော ညစာရော အတူစားချင်သည်။ အယ်လန်မြို့ရဲ့ ညကောင်းကင်ကို သူနဲ့အတူကြည့်ချင်သည်။

                          ❇❇❇❇❇❇

လိပ်စာအတိုင်း ကားမောင်းလာရင်း နောက်ဆုံးရပ်လိုက်တာက နှစ်ထပ်တိုက်လှလှလေး။
ဝါမှိုင်းမှိုင်းတိုက်အရောင်က ခြံထဲရှိအစိမ်းရောင်နှင့် ပနံသင့်ကာ။ ကလေးနဲ့ကလေးအိမ်သည်
ချစ်ဖို့ကောင်းတာချင်း တူသည်။

နှင်းဆီပန်းစည်းကြီးကို လက်မှာပွေ့ ပန်းသီးခြင်းကို ဆွဲကာ နီညိုရောင်တံခါးမကြီးကို အသာဆွဲဖွင့်ပြီး အထဲကိုဝင်သွားလိုက်သည်။

မသိစိတ်ထဲက နွေးထွေးမှုကိုခံစားနေရသလိုလို။ အသိစိတ်ကတော့ မှန်,မမှန် သုံးသပ်နေရင်း။

အိမ်ထဲကို ဖိနပ်ချွတ်ပြီးဝင်လိုက်သည်နှင့် ဟင်းတမျိုးမျိုး၏ အနံ့ကိုရသည်။ တောက်ပြောင်နေသော ကြမ်းခင်းက သန့်ရှင်းရေးနိုင်နိုင်ကြောင်း ပြသသည်။ ကိုယ်သည် ရင်ခုန်မှုများနဲ့ အိမ်ထဲကို တစ်လှမ်းချင်းခြေချနေမိသည်။

စင်ပေါ်မှ photo standများကိုအသေးစိတ်ကြည့်မိတော့မှ အတော်ကိုပျော်ရွှင်သွားသည်။ သုံးနှစ်အရွယ်ကလေးငယ်ငယ်၏ ဓာတ်ပုံများ၊
ကိုယ်သိတယ်။ ဒီပုံတွေက Chanyeolငယ်ငယ်က ပုံတွေဆိုတာ။ နားရွက်ကားကားလေးတွေနဲ့ ပါးဖောင်းဖောင်းတွေက ညာလို့မှမရပဲလေ။

ဝမ်းသာမှုနဲ့အတူ မီးဖိုခန်းထဲအပြေးသွားလိုက်သည်။ တကုပ်ကုပ်နဲ့ချက်ပြုတ်နေသော ကောင်လေး။ ကိုယ့်ရဲ့စေနိုင်သူလေး Chanyeol၊

Pine A'wayHikayelerin yaşadığı yer. Şimdi keşfedin