အပိုင်း နှစ်

1.2K 184 8
                                    

ဝါကျင့်ကျင့်အရောင်ဘက်သန်းသော
ညိုဝါရောင် နီညိုရောင်အဆင်းများနှင့်သာ
တင့်တယ်သော အဆောက်အဦများသည်
နီယွန်မီးများအပြင်၊ မီးပုံးများကြောင့်ပါ
ညအခါများတွင် မြူးကြွစွာလှချင်တိုင်းလှနေသည်။

နေ့ခင်းဘက်အချိန်များမှာတော့ မြူးကြွဟန်များမရှိတော့။ လဲလျောင်းနေသော ခြင်္သေ့အလား
တည်ငြိမ်စွာ ထည်ဝါခန့်ညားပြန်သည်။

ဒါဟာ အယ်လန်မြို့ရဲ့ အဆောက်ဦများရဲ့ထုံးစံ။ မြို့ရဲ့သင်္ကေတ။

မြို့လယ်မှာတော့ တမူကွဲပြားစွာပင် ခေတ်မီကုန်တိုက်များ၊ ကုမ္ပဏီအဆောက်ဦးများဖြင့် တိုးတက်သောခေတ်ရေစီးကြောင်းနဲ့ အညီဖြစ်လို့နေပြန်ပါသည်။

ကားနောက်ခန်းကနေ အပြင်ကိုငေးနေရင်း
မြို့တော်ဝန်ရုံးကိုဖြတ်တော့ တစုံတစ်ရာကို သတိရသွားပြန်သည်။ မျက်စံနက်နက်လေးနဲ့
မျက်ဝန်းကြည်ကြည်လေးသည် သတိရမိသော တစုံတရာ။

ဟင်

အံသြစွာရေရွတ်မိခြင်းသည် ပလက်ဖောင်းပေါ်မှ ကောင်လေးကြောင့်ပင်။ တိုက်ဆိုင်လွန်းစွာ ကိုယ့်ရှေ့ရောက်လာလေသလား။

အံ့ဩခြင်းကဆက်တိုက်ဆိုသလို။
သူ့ဘေးမှနောက်ထပ်ကောင်လေးတစ်ယောက်။ ကိုယ်အမှတ်မမှားဘူးဆို၊ အဲ့ဒါ သူ့အိတ်ကိုလုသွားတဲ့ကောင်လေးပဲ။

အိတ်လုခံရတဲ့သူနဲ့အိတ်လုတဲ့သူက ဘာလို့ရယ်ရယ်မောမော စကားပြောနေရပါသလဲ။

"ကားရပ်လိုက်။"

ကိုယ်သူတို့နားရောက်သွားတော့
အိတ်လုတဲ့ကောင်လေးဟာ ကြောက်ရွံ့စွာပင်
ပြေးသွားလေသည်။
Park Chanyeolဆိုတဲ့သူကတော့ ထွက်လည်းမပြေး၊ ဘာအမူယာမှမပြဘဲ အေးဆေးစွာပင် ရပ်နေသည်။

"မင်း Park Chanyeol"

"ခင်ဗျား ကျွန်တော့်နာမည်ကို မှတ်မိသားပဲ။"

"ခုနက ဟိုနေ့က အိတ်လုသွားတဲ့ကောင်မလား။"

"ခင်များ မြင်တဲ့တိုင်းပဲလေ။"

တစ်ခွန်းမကျန် ပမာမခန့်ပြောနေတဲ့ သူက ဟိုတစ်နေ့က ကိုယ့်စိတ်ကိုကြင်နာတတ်အောင် လုပ်ခဲ့တဲ့ ကလေးနဲ့လုံးလုံးမှမတူ။

Pine A'wayDonde viven las historias. Descúbrelo ahora