Wu Yi Fanသည် Park Chanyeolနဲ့တွေ့မှ လူ့ပြည်နှင့်နတ်ပြည်ကို စုန်ချည်ဆန်ချည်သွားတတ်သောသူ ဖြစ်လာသည်။
Chanyeolနဲ့အတူနေရသောအချိန်သည် ကိုယ့်အတွက်နတ်ပြည်ဖြစ်၍ ကိစ္စမြားမြှောင် အလုပ်လုပ်နေရသော အချိန်တွင်ကား ကိုယ့်အတွက် ကိုယ်နေထိုင်နေကျ လူ့ပြည်။နတ်သားနဲ့တွေ့ပြီး နတ်ပြည်ရောက်နေသော ကိုယ်သည် ဖြစ်နိုင်ရင်လူ့ပြည်ကိုပြန်မလာချင်။ လူပေါင်းများစွာရဲ့ လုပ်ငန်းနဲ့လစာတို့က ကိုယ့်အပေါ်မှာ မူတည်နေ၍သာ။
စာရွက်ပုံတွေပေါ် ခေါင်းထိုးထားပါသော်လည်း စိတ်ကသူ့ဆီမှာ။ အမြဲတမ်းတွေ့နေရတာလည်း ထပ်ကာထပ်ကာ တွေ့ချင်သည်။ မဖြစ်သေးပါဘူး သူ့ကိုသေချာဖျောင်းဖျပြီး ကိုယ့်အလုပ်မှာလာလုပ်ခိုင်းမှပါ။
သူစမ်းချက်ကျွေးတဲ့ ဟင်းထူးထူးဆန်းဆန်းတွေ အကြောင်း။ သူနဲ့အတူရယ်မောဖူးတဲ့ ဟာသတွေအကြောင်း။ သူ ကိုယ့်ကိုတစ်ခါတလေ ညာပြောပြီး စနောက်ခြင်းကြောင့် သူချိန်းရင် ဒီနေရာ ဟုတ်မှဟုတ်ပါ့မလားလို့ ရင်တခုန်ခုန်ဖြစ်ရတဲ့အကြောင်း ဒါတွေပဲထပ်ကာထပ်ကာ ခေါင်းထဲရောက်နေစဉ်။
"CEO Wu ဧည့်သည်ရောက်နေပါတယ်။"
"ဘယ်သူလဲ"
"Park Chanyeol လို့ပြောပါတယ်။"
"ဘာ။"
ကိုယ်တမ်းတလွန်းလို့များ ကိုယ်ထင်ပြသလား နတ်သားငယ်။
ဝရုန်းသုန်းကားနဲ့ထကာ အတွင်းရေးမှူးရှေ့ အိနြေ္ဒတောင်မဆည်နိုင်။ အခန်းတံခါးကိုပြေးဖွင့်ကာ အပြေးတပိုင်းအပြင်ကို ထွက်ခဲ့သည်။အတွင်းရေးမှူး စားပွဲဘေးက ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာလေးထိုင်နေလေသည်။
အဝါမှိုင်းရောင်ဆွယ်တာလေးနဲ့ အောက်ခံအင်္ကျီက ကော်လံကိုအပြင်ထုတ်ခါ ဝတ်ထားသည်။
ဆံပင်တွေက ပွပွလေးမဟုတ်ဘဲ ပျော့ပျော့လေးနဲ့ပုံကျနေသည်။"CEO"
ကိုယ့်ကိုမြင်တော့ လှမ်းရယ်ပြတဲ့ကလေး။ ကိုယ့်အလုပ်ခွင်မှာ ကိုယ့်ကိုလေးစားသမှုနဲ့ သိတတ်တဲ့ကလေး။
"Chanyeol လာ ရုံးခန်းထဲလိုက်ခဲ့။"
"Wow ရုံးခန်းကအပျံစားပဲ။ မိုက်တယ်။"
ESTÁS LEYENDO
Pine A'way
Fanficအမြဲညာတတ်တဲ့သူက ထိုအမှန်တရားကိုတော့ တသက်လုံးယုံကြည်အောင် သက်သေပြခဲ့ပါတယ်~ အမြဲညာတတ်တဲ့သူက ထိုအမှန်တရားကိုတော့ တသက်လုံးယုံကြည်အောင် သက်သေပြခဲ့ပါတယ်~