သူနှင့်ကိုယ်တွေ့ဆုံမှုများတွင်
သူ့ဘက်က ကိုယ်ရှိရာသို့ လာခြင်းများသာ ဖြစ်သည်။ကိုယ် ရုံးမှာမဟုတ်ဘဲ အပြင်မှာရှိနေသည့်အချိန်များတွင် ဘယ်ကနေ ဘယ်လိုသိလေသည်မသိ။ ရောက်ရောက်လာတတ်သည်။
အခုလည်းနေ့လည်စာစားဖို့ ဟိုတယ်ရောက်လာခါမှ အဝင်ဝမှာသူ့ကိုတွေ့လိုက်သဖြင့်
ဧည့်သည်များကို ခပ်ပြောင်ပြောင်ပင်နှုတ်ဆက်ကာ သူ့အနားသို့သွားလိုက်တော့သည်။"ဟေး Chanyeol လေး။"
သူကမူ ပြန်ပင်မနှုတ်ဆက်။ လက်ပိုက်ကာ ကိုယ့်ကိုကြည့်နေသည်။
"ဟေ့ ဒီကိုဘာလာလုပ်တာလဲ။"
"ဘာလုပ်လုပ်ပေါ့ဗျ။ ခင်များအပူလား။"
"အဟက် ဂျစ်စိန်ကွာ။"
ဘာမှလည်းမဟုတ်ဘဲ ထိုကောင်လေးသည်တစ်ခါတရံကိုယ့်ကို ဘုဘောက်ပြန်ပြောတတ်ပါသည်။
"ဧည့်သည်တွေ ပါလာတာကို မသွားဘဲဘာလာလုပ်တာလဲ။"
"သူတို့ဘာသာ သွားခိုင်းလိုက်ပြီ။ မင်းနဲ့ပဲနေ့လည်စာ စားတော့မယ်။"
အနှီဂျစ်စိန်လေးကို တွေ့ပြီးမှတော့ ဧည့်သည်တွေနဲ့ဘာလုပ်ရမှာလဲ။
"ဟာဗျာ။ သူတို့ကိုအားနာစရာကြီး။ သွား တော့။"
အတင်းတွန်းထိုးပြီး ကိုယ့်ကိုပြန်သွားခိုင်းနေတာ။ ကိုယ့်နောက်ကျောကို သူ့လက်လေးနဲ့အသားကုန်တွန်းနေတာ။ ကိုယ်လည်း သူ့လက်ကို အသာဖမ်းဆွဲပြီး သူ့အနားသို့တိုးကပ်လိုက်သည်။
"မင်းလောက် ဘယ်သူမှအရေးမကြီးဘူး။"
"ဘာရယ်။"
"ကိုယ်ပြောတာ ကြားတယ်မလား။ လိုက်ခဲ့။"
သူ့လက်ချောင်းတွေကြား ကိုယ့်လက်ချောင်းတွေ ထည့်ပြီး ဆွဲခေါ်လာလိုက်သည်။
"လွှတ်ဗျာ။ Wu Yi Fanကြီး။ သူများလက်ကိုလွှတ်။"
"မလွှတ်ဘူး။ ကိုယ့်လက်နဲ့ကိုယ်ကိုင်တာ။"
"ဟာဗျာ။"
ဆူပုတ်ပုတ်နဲ့ ကိုယ့်ကိုကြည့်ပြီး ဘေးကကပ်လျှောက်လာတာ။ မျက်လုံးကိုမလွှဲသလိုပဲ။
ESTÁS LEYENDO
Pine A'way
Fanficအမြဲညာတတ်တဲ့သူက ထိုအမှန်တရားကိုတော့ တသက်လုံးယုံကြည်အောင် သက်သေပြခဲ့ပါတယ်~ အမြဲညာတတ်တဲ့သူက ထိုအမှန်တရားကိုတော့ တသက်လုံးယုံကြည်အောင် သက်သေပြခဲ့ပါတယ်~