မီးဖိုခန်းထဲမှာ သန့်ရှင်းရေးလုပ်ပြီးတော့ Chanyeolကို စိတ်မချတာနဲ့အပြင်ကို ထွက်လာလိုက်တယ်။ ကိုယ်အခုတလော သူ့နားမှာပဲနေတယ်။ အလုပ်တွေလဲ အတွင်းရေးမှူးနဲ့လွှဲထားလိုက်တယ်။
အလုပ်တွေက တသက်လုံးလုပ်လို့ရတယ်လေ။
Chanyeol ကတော့....
ခေါင်းကိုအသာပဲခါရမ်းပြီး အပြင်ထွက်လာတော့ သူကခြံထဲက ပန်းအိုးတွေနေရာရွှေ့နေလေတယ်။
ကျစ် နားနားနေနေ နေပါလို့ပြောထားရက်နဲ့ကွာ။ အိမ်ကိုအမြဲသန့်ရှင်းပြောင်လက်နေမှကြိုက်လို့ ကိုယ်ကချည်းဒိုင်ခံလုပ်ပေးနေတာ။
အခုလည်း ကိုယ့်ကိုရွှေ့ခိုင်းရင် ရသားနဲ့။
"Chanyeol အေးဆေးထိုင်မနေဘဲ ဘာလုပ်နေတာလဲ။"
"ပန်းအိုးတွေနေရာရွှေ့နေတာပါ။"
"အဲ့ဒါကိုယ့်ကိုခိုင်းပေါ့။"
"ဘာမှမပင်ပန်းတာပဲဟာ။"
ပြောရဆိုရသိပ်ခက်တယ်ကွာ။
ညညဆို ချွေးတွေထွက်ပြီး အိပ်မရတာလဲ သူအသိ။ ပိန်ကျလာပြီး အားမရှိဖြစ်နေတာလဲ သူ့ကိုယ်သူအသိ။ ဒါကို ခေါင်းမာချင်နေသေးတယ်လေ။
"ကိုယ်ရွှေ့မယ် ဖယ်နေ။"
"ရပါတယ်ဆို အ့။"
"Chanyeol"
ခေါင်းကိုလက်နဲ့အသာ ထိန်းကိုင်ပြီးနောက်မှာ ကျလာတဲ့နှာခေါင်းသွေးတွေ။ ကိုယ့်ရှေ့မှာဒါမျိုးဖြစ်နေကျဆိုပေမဲ့...ကိုယ် အခုထိ...
"ဖြစ်ပြီမလား။ အေးဆေးထိုင်နေနော်။"
ပဝါနဲ့သွေးတွေအသာယာသုတ်ပေးပြီး
ပန်းအိုးတွေရွှေ့ဖို့လုပ်လိုက်တော့တယ်။
ရင်ထဲက ဆစ်ခနဲအောင့်လာပြီးနောက်မှာ
တစ်ဖက်ကိုလှည့်ရင်း မျက်ရည်တစ်စက်ကျတယ်။
ဖြစ်နိုင်ရင် မင်းအစား ကိုယ်သာဖြစ်ချင်ပါတယ်ကွာ။ ဒါပေမဲ့လည်းလေ ကိုယ်သာမင်းနေရာမှာဆို မင်းကကိုယ်အခုခံစားနေသလို နာကျင်နေရမှာလို့ တွေးမိပြန်တော့....
ဆိုးလိုက်တဲ့ကံရယ်လို့သာ အပြစ်တင်ချင်တော့တယ်။ ကိုယ် အပြစ်တင်လို့ မင်းသာကိုယ့်အနားမှာ တသက်လုံးရှိမယ်ဆိုရင်လေ အဲ့ ကံ ဆိုတာကြီးကို အပြစ်တင်ရုံတင်မကဘူး ဆွဲပါထိုးပစ်မယ်။
ВЫ ЧИТАЕТЕ
Pine A'way