အပိုင်း ၎
4K 309 3
သူ ဘေးကို ရှောင်သွားတယ် !
အံ့အားသင့်​လွန်းအားကြီးသွားသဖြင့်​ အဲဒီစကားလုံး​တွေကို နှုတ်​ဖျားက​နေ ဖွင့်​ထုတ်​မိ​တော့မလို​တောင်​ ဖြစ်​သွားသည်​။
ချွီထန်​အာ ​မြေ​ပေါ်မှာ ​မှောက်​လျက်​လဲကျ​နေပြီး နာကျင်​မှု​ကြောင့်​ ပြန်​ထ၍ မရ​သေးသဖြင့်​ အရင်ဆုံး ​ပါးစပ်​ထဲက သဲ​တွေကို ဖွီးခနဲ ​​ထွေးထုတ်​ပစ်​လိုက်​ရသည်​။
သူမ မျက်​လုံးထဲမှာ လူသတ်​ချင်​သည့်​ အရိပ်​အ​ယောင်​​တွေ ​ပေါ်လာသည်​။ သူမ မို့လျန်​ချန်​ကို ​မော့မကြည့်​။ သို့​သော်​လည်း စူးစူးရဲရဲအကြည့်​​တွေက ​မြေပြင်​ကို ထိုး​ဖောက်​နစ်​ဝင်​​တော့ မတတ်​။
စက္ကန့်အနည်းငယ်​​​မျှကြာပြီးတဲ့အခါမှာ ချွီထန်​အာ စကား စ ​ပြောလိုက်​သည်​။
" နင် ​ဘာလို့ ငါ့ကို ဖမ်းမထားတာလဲ ? "
သူမ စိတ်​တိုသည်​။ အပြစ်​တင်​သည်​။ ဝမ်းနည်းစွာ ငို​ကြွေးသည်​။ ပြီးသွားတဲ့အခါ သူမ ​တွေးမိသည်​။ ဒီ​ကောင်​နဲ့ ​တွေ့ခဲ့လို့သာ သူမ ကံဆိုးရတာ။ ဒီ​ကောင်​က သူမအတွက်​ ကံမ​ကောင်းခြင်း​တွေ ယူ​ဆောင်​လာခဲ့တာပဲ။ ဒီမ​ကောင်းတဲ့အ​ကောင်​ !
မို့လျန်​ချန်​ တည်​ငြိမ်​ပြီး ကျက်​သ​ရေရှိတဲ့ အမူအရာမျိုးနဲ့ ရပ်​​နေတယ်​။ သူမ ပြုတ်​ကျလာတဲ့အချိန်​မှာ ဖုန်​​တွေကလည်း သူ့ဆီကို ပျံဝဲ​ရောက်​ရှိလာတယ်​။ သူ ညင်​သာစွာနဲ့ ​မြေပြင်​ကို မထိ​စေရန်​သတိထားပြီး မုဆိုးဒူးထောက်​ပုံစံမျိုး ထိုင်​ချလိုက်​တယ်​။ ဒီ​ကောင်​မ​လေး နည်းနည်း​လေး​တောင်​ နူးညံ့မှုမရှိ​ဘူး။ မယဉ်​​ကျေးဘူး။ သူအပြင်​မှာ ကြားခဲ့တဲ့ ​ကောလာဟလ​တွေက လုံးဝ ယုံကြည်​လို့မရနိုင်​တာ​တော့ မဟုတ်​ဘူးပဲ။ ဒီလိုဆိုရင်​ ​နောက်​ပိုင်း​နေ့ရက်​​တွေမှာ စိတ်​လှုပ်​ရှားစရာ​ကောင်းတဲ့ ပွဲ​လေး​တွေ မြင်​​တွေ့ခွင့်​ရ​တော့မှာ​ပေါ့။ မို့လျန်​ချန်​ ​ကျေနပ်​မှု​ကြောင့်​ အပြုံးတစ်​ခု ဖန်​တီးလိုက်​မိတယ်​။
သူ တည်​တည်​ငြိမ်​ငြိမ်​ပဲ ပြုံးပြီး သူမ စိတ်​တို​​နေတာကို အမှုမထားဘဲ ခပ်​​အေး​အေး ​ပြောလိုက်​တယ်​။