အပိုင်း ၇
4.3K 324 12
ချွီအိမ်​​တော်​ !
စတုတ္ထမမ​လေး၏ အ​ဆောင်​​တော်​တွင်​ !
အ​ဆောင်​​တော်​သည် ​သိပ်​​တော့ မကျယ်​ဝန်းလှသည့်​အပြင်​ အိမ်​​တော်​​တွေမှာ ​ပေးတတ်​သည့်​ နာမည်​​တွေလည်း မရှိ။
(​T/N: ရှယွီချင်​တို့ထဲမှာလို ချိုမြိန်​​နွေဦးအ​ဆောင်​​တော်​ တို့ .. ဘာတို့ .. နန်းတွင်းမှာတင်​မဟုတ်​ဘဲ၊ ရာထူးရာခံရှိတဲ့သူ​တွေ၊ လူချမ်းသာ​တွေရဲ့ အိမ်​​တော်​​တွေမှာလည်း အ​ဆောင်​​တွေကို နာမည်​​ပေးထားတတ်​ပါတယ်​)
အ​ခန်း​ဆောင်​အတွင်း ဝင်​ကြည့်​မည်​ဆိုလျှင်​ ပို၍ပင်​ ​မေးခွန်းထုတ်​စရာ​တွေ များလာနိုင်​သည်​။ အမတ်​ချုပ်​တစ်​ဦး၏ သမီး အ​ဆောင်ေ​တာ်​တွင်​ ရှိသင့်​ရှိထိုက်​​သော အ​ဆောင်​အ​ယောင်​များ ကင်းမဲ့​နေသည်​။ ကြည့်​ရသည်​မှာ ခန့်​ညားထည်​ဝါမှုမရှိ။ အ​ဆောင်​ဝန်းရဲ့ ဘယ်​ဘက်​​ထောင့်​မှာ မက်​မွန်​ပင်​တစ်​ပင်​ကို စိုက်​ပျိုးထား​သော်​လည်း နှစ်​​ပေါင်းများစွာကြာတာ​တောင်​ တစ်​ခါမှပန်းပွင့်​တာ မမြင်​ဖူး​ပေ။
အ​ဆောင်​ဝန်းရဲ့ အလယ်​မှာ​တော့ ​​ အလှဆင်​ တည်​​ဆောက်​ထားသည့်​ ​ကျောက်​သားနှင့်​ ​မြေ​ရော​သော ​တောင်​အတု​လေး တစ်​လုံးရှိသည်​။ ပြီး​တော့ ​ရေကန်​ငယ်​​လေးတစ်​ခု။
ထို​ရေကန်​ထဲတွင်​ ဘယ်​ငါးထည့်​​မွေး​မွေး၊ ​မွေးတဲ့ ငါး အကုန်​​သေသည်​။ စိုက်​ပျိုး​ထားသည့်​ အပင်​နည်းပါး​သော​ကြောင့်​ ​လေ​ပြေ​အေး တိုက်​ခတ်​လာတိုင်း သစ်​ရွက်​လှုပ်​ခတ်​သံ အနည်းငယ်​​တောင်​မကြားရ။
ရှိတဲ့တံခါးတစ်​ချပ်​ကလည်း အမြဲလိုလို ပိတ်​ထားတာကိုသာ မြင်​ရတတ်​သည်​။
ဒီ​နေ့မှာ​တော့ ထိုပိတ်​ထားသည့်​ တံခါးချပ်​​နောက်​မှ​နေ၍ ရယ်​သံတစ်​ခု ထွက်​​ပေါ်လာသည်​။ ရယ်​သံကို ခွဲခြမ်းစိတ်ဖြာသုံးသပ်​ရလျှင်​ ရယ်​သံပိုင်​ရှင်​မှာ ထူးထူးခြားခြား ​ပျော်​ရွှင်​​နေပုံရသည်​။
" ဟားဟားဟား .. ကျင်းရှင်း .. ငါ ​ပြောပြမယ်​ .. ခုနတုန်းက နင်​ ပင်​မ​​ဆောင်​ကို လိုက်​မလာခဲ့တာ တကယ်​နှ​မြောဖို့​ကောင်းတယ်​ .. နင်​ သိလား .. ချွီအဖိုးကြီး ငါ့ကို ​ဒေါသထွက်​လွန်းလို့​လေ အစိမ်းလိုက်​ဝါးစားချင်​သလို ကြည့်​​နေတာများ နှာမှုတ်​သံ​တောင်​ တရှူးရှူးမြည်​တယ်​ .. သူ့ လက်​စွဲဓားကြီးနဲ့ ငါ့ကို အပိုင်းပိုင်း ခုတ်​သတ်​ချင်​​နေ​လောက်​တယ်​ သိလား !.. ဟားဟား .. ငါ ဒီကို အသက်​ရှင်​လျက်​ ပြန်​လာရတာ ကံ​ကောင်းတယ်​မှတ်​ .. မဟုတ်​ရင်​ နင်​ အခုချိန်​ မျက်​ရည်​သုတ်​​နေရ​လောက်​ပြီ .. ဟားဟား "