အပိုင်း ၂
4.9K 336 3
အကူအညီ​​တောင်းဖို့ စဉ်းစားလိုက်​မိတာနဲ့ ချက်​ချင်းပင်​ ချွီထန်​အာရဲ့ မျက်​ဝန်းလှလှ​လေးထဲမှာ အရည်ြ​ကည်​တချို့ ခိုတွဲလာပြီး စိတ်​ထိခိုက်​ဝမ်းနည်း​နေမှုတို့ အတိုင်းသား ​ပေါ်လွင်​​​​အောင်​ ကြိုးစားဟန်​​ဆောင်​လိုက်​​ပါ​သော်​လည်း ...
" ​ဟေး !.. ဟိုနားက ခပ်​​ချော​ချော အစ်​ကိုကြီး .. ခဏ​နေပါဦး "
ကံဆိုးစွာနဲ့ပဲ သူမရဲ့ ​ပြောင်းလဲလို့မရ​သော ​ မာဆတ်​ဆတ်​စကားသံက သနားစဖွယ်​ဟန်​​ဆောင်​​လိုသည့်​ အကြံအစည်​ကို ချက်​ချင်း ဖျက်​ဆီးပစ်​လိုက်​​လေသည်​။
သူမ စကားသံကို မကြားတာပဲလား၊ မကြားချင်​​ယောင်​ပဲ ​ဆောင်​တာလား တစ်​ချက်​​လေးမှ အဖက်​လုပ်​​ဖော်​မရဘဲ အိ​နြေ္ဒရရပင်​ ​ရှေ့ဆက်​​လျှောက်​သွား​နေသည့်​ အဲဒီ ခပ်​​ချော​ချောလူက နားထိုင်း​နေတာများလား။
" ဟို ... ဟိုလူ !.. အာ .. မဟုတ်​ဘူး .. အစ်​ကို​လေး .. ပညာရှိ​လေး ... သခင်​​လေး ... သူရဲ​ကောင်း​လေး ... နည်းနည်း​လောက်​ ​မော့ကြည့်​နိုင်​မလား ?. ဒီမိန်းမငယ်​​လေးက သခင်​​လေးရဲ့ အကူအညီ နည်းနည်း​လောက်​ လိုအပ်​​နေလို့ပါ ... ဒါက ပြဿနာအကြီးကြီးမဟုတ်​ပါဘူး ... ခဏ​လေးပဲ .. နည်းနည်း​လေးပဲ ကူညီရမှာပါ ... ​တောင်းဆိုပါတယ်​ "
ရုတ်​တရက်​ ​​အချမ်းဓာတ်​ကဲ​သော ​လေပြင်းတစ်​ချက်​ ​ဝေ့တိုက်​သွား​သောအခါ ချွီထန်​အာ တစ်​ကိုယ်​လုံး တုန်​တက်​သွားသည်​မှာ စိုးရိမ်​စိတ်​များ လွန်​ကဲ​နေခြင်း​ကြောင့်​ ထိတ်​လန့်​မိသွားခြင်း ဖြစ်​နိုင်​သည်​။
သူမ ထွက်​​ပြေးဖို့ ကြိုးစားခဲ့သည့်​ အ​ရေအတွက်​မှာ အကြိမ်​​ပေါင်းမနည်း​ပေ။ အဲဒါထက်​ပိုဆိုးတာက အခု မင်းအမိန့်​ကို လက်​ခံရရှိထားတာ​တောင်​ ထပ်​ပြီး ထွက်​​ပြေးရဲ​သေးတယ်​ဆိုရင်​၊ အဲဒီအ​ကြောင်းကိုသာ အိမ်​​တော်​ကလူ​တွေ သိသွားခဲ့ရင်​ သူမ​တော့ ကျိန်း​သေ ​သေပွဲဝင်​ရ​ပေလိမ့်​မည်​။
ဖြစ်​ချင်​​တော့ နံရံ​ပေါ်ကို ​ရောက်​ပြီး​နေ​ပေမယ့်​ ​အောက်​ကို ငုံ့ကြည့်​လိုက်​တိုင်း ရင်​​တွေ တလှပ်​လှပ်​ခုန်​လာပြီး ခုန်​ချဖို့ သတ္တိက လုံးဝ ​ပေါ်မလာ​ချေ။ သူမ ဘာလုပ်​လို့ ဘာကိုင်​ရမှန်းမသိဖြ​စ်​​နေတဲ့ အချိန်​မှာ အံ့သြစရာ​ကောင်းစွာနဲ့ပဲ သူမ အကူအညီ​တောင်းလို့ရနိုင်​မည်​ဟု ထင်​ရ​သော လူတစ်​​ယောက်​ကို ​တွေ့လိုက်​ရသည်​။