အပိုင်း ၅
4.2K 344 15
ထန်အာ မင်းသားရှစ်ကို နှုတ်ဆက်ပီး ဂါရဝပြုလိုက်သည်။ ချွီထန်အာကတော့ မစိုးရိမ်ချေ။ တကယ်လို့ ဒီတစ်ယောက်က သူမလက်ဆက်ရမယ့်သူ မဟုတ်ဘူးဆိုရင် ကျန်တဲ့တစ်ယောက်ပေါ့..
အဟမ်း.. ဘယ်ဘက်ရော ညာဘက်ရော ရှိနေတာဘဲ သူတို့ထဲက တစ်ယောက်ယောက်ကတော့ ဟုတ်မှာပေါ့..
မင်းသား ၈ တစ်ယောက်တည်းဆို လုံလောက်နေပီဘဲ။
သူတို့က ဈေးဝယ်ထွက်တယ်များ ထင်နေတာလား?!
မင်းသား ၁၄ ကတောင်မှ တစ်ကောက်ကောက် ပါလာရတယ်လို့..
ဘယ်သူက သယ်သူဆိုတာ ရှင်းရှင်းလင်းလင်း သိရဖို့အတွက် ချွီထန်အာ သူမရဲ့ခေါင်းကို မော့လိုက်ရုံလေးဘဲ လိုပေမယ့် သူမကတော့ ခေါင်းမော့ဖို့ နည်းနည်းလေးမှ ဆန္ဒမရှိချေ။
တစ်စုံတစ်ယောက်ဟာ ခေါင်းမော့လိုက်ရင် တောက်ပနေတဲ့ လမင်းကြီးကို မြင်နိုင်ပေမယ့် အဲ့ဒါဟာ အမိုးကိုမြင်နေရတာနဲ့ အတူတူပဲ။
တစ်ကယ်တော့ ခေါင်းငုံ့နေတာဟာ တစ်စုံတစ်ယောက်ကို သူ့ရဲ့ ဇာတိမြေအကြောင်း မစဉ်းစားစေနိုင်ပေမယ့် အနည်းဆုံးတော့ သူဝတ်ထားတဲ့ ဖိနပ်တစ်ရံကိုတော့ မြင်နိုင်တယ်လေ
အသစ်တစ်ရံလဲဖို့ တော်တော်လေးကို လိုအပ်နေတာကို ..
(N/ ဘာကိုဆိုလိုချင်လည်း နားမလည် သူပြောသလို အနီးစပ်ဆုံး ပြန်တာဘဲ 😁😁)
"ဒီကလေး မင်းဂါရဝပြုနေတာ ငါ မင်းအဖေကို" ချွီကျန်းလင်မှာ ဒေါသထွက်လွန်းသောကြောင့် မျက်နှာတစ်ခုလုံးပင် နီရဲနေသည်။ သို့သော်ငြား
မို့လျန်ချန်ရှိနေတဲ့ အတွက်ကြောင့် သူပေါက်ကွဲ၍မရချေ။
"မင်းသား ၈ ကအရှေ့ခုံမှာ''
"အို့ ကျွန်မတောင်းပန်ပါတယ်ရှင်'' ချွီထန်အာ ရဲ့မျက်နှာသေးသေးလေးဟာ ချက်ချင်းဆိုသလိုဘဲ ဖျက်ခနဲမဲ့သွားသည် ။ ကောင်းပီ သူမဝန်ခံပါတယ် ခုနတုန်းက သူမလည်း သတိထားခဲ့တာဘဲ
ဒါပေမယ့် အဖိုးကြီးကျွီ ခင်ဗျားက နဲနဲ စိတ်တိုလွယ်လွန်းနေတာ မဟုတ်ဘူးလား?
အဲ့ဒါကြောင့် ခေါင်းငုံ့ထားရက်နဲ့ဘဲ သူမ အရှေ့ခုံဘက် မျက်နှာမူလိုက်ပီး မနှေးလွန်း မမြန်လွန်းစွာနဲ့ သူမရဲ့ ရှေ့ခြေတစ်ဖက်ကိုထုတ်၍ ဒူးထောက်ဂါရဝပြုလိုက်သည် ။