အပိုင်း ၃
4.2K 301 6
" ဒါဆိုရင်​ သခင်​​လေးမို့ ... ဖြစ်နိုင်မယ်​​​ဆိုရင်​ ဒီမိန်းမငယ်​​လေး ​တောင်းဆိုတာကို လုပ်​​ပေးနိုင်​မလား မသိဘူး .. သခင်​​လေးရဲ့ လက်​​လေးတစ်​ဖက်​​လောက်​ ခဏ​လေး ငှား​ပေးရုံပါ "
ချွီထန်​အာ အသံက တိုးလျကာ ​ပျော့​ပျောင်း​နေ​သော်​လည်း သူမမှာ အကြည့်​​တွေထဲမှာ​တော့ စိုးရိမ်​စိတ်​​တွေ လွှမ်းမိုး​နေတယ်​ဆိုတာကို ​ကောင်းကင်​နဲ့ ​မြေကြီး သက်​​သေထားပြီး​တော့ကို ဆိုနိုင်​သည်​။ အမှန်​ပင်​ အခုချိန်​မှာ သူမ ​သေချင်​​လောက်​​အောင်​ စိတ်​ညစ်​​နေပါသည်​။
" ဘယ်​လို​တောင်းဆိုမှုမျိုးလဲ ?. အ​ရေးကြီးလို့လား ? "
မို့လျန်​ချန်​ ဖျတ်​ခနဲ ပြုံးရိပ်​သမ်းသွားရင်း စကားဆိုသည်​။
" အ​ရေးကြီးတယ်​ရယ်​ မဟုတ်​​ပေမယ့်​ တကယ်​​တော့ အဲဒါက ... "
" ​ငါ မင်းကို ဘာအကူအညီမှ ​ပေးနိုင်​မှာမဟုတ်​လို့ အားနာပါတယ်​ "
ပြောပြီးတာနဲ့ မို့လျန်​ချန်​ လှည့်​ထွက်​သွားဖို့ ပြင်​လိုက်​တာမို့ ထန်​အာ ကမန်းကတမ်း လှမ်းတားရသည်​။
" အဲဒါက .. ​နေဦး ... ခဏ​စောင့်​ ... "
ချွီထန်​အာ ​တော်​​တော်​​လေးကို ​ဒေါသထွက်​လာရသည်​။ ဒါက ဘယ်​လိုလူမျိုးလဲ ?. ဒီ​လောက်​ ခယပြီး အကူအညီ​တောင်း​နေတာ​တောင်​ လျစ်​လျူရှုရက်​တယ်​လား ?. စိတ်တိုလွန်းသဖြင့် ​​​သူမ ပါးစပ်​က​နေ ရုန့်​ရင်းကြမ်းတမ်း​သည့်​ စကားစုများ ထွက်​ကျလုနီးပါးပင်​ ဖြစ်​လာသည်​။
အခုအချိန်​မှာ ဘယ်​လိုအ​ခြေအ​နေအတွင်း ကျ​ရောက်​​နေသလဲဆိုတာ သူမ ​ကောင်း​ကောင်းနားလည်​သည်​။ ထို့​ကြောင့်​ ​​ပေါက်​ကွဲလုနီးနီး ဖြစ်​​နေသည့်​ ​ဒေါသတို့ကို အပြင်းအထန်​ ဖိနှိပ်​ချိုးနှိမ်​လိုက်​ရသည်​။
ဒါ​ပေမယ့်​ ဒီမသာ​ကောင်​က !. ဒီ​ကောင်​ ကန်း​နေတာလို့​တော့ ငါ့ကို လာမ​ပြောနဲ့​နော်​ !. ဒီလို နူးညံ့လှပတဲ့မိန်းမလှ​လေးတစ်​​ယောက်​ နံရံ​ပေါ်က ဆင်းမရဘဲ ဒုက္ခ​ရောက်​​နေရတာကို မမြင်​နိုင်​ဘူးလား ?