အပိုင်း ၉
3.2K 248 2
9.
သူနဲ့ မင်းသား(၈)ရဲ့ မင်္ဂလာပွဲက အနှေးနဲ့ အမြန် ကျင်းပရမှာ ဖြစ်သည်။
စူးယွဲ့လာရဲ့ အတွေးကို ထန်အာ နားလည်သည်။ ထို့အတူပင် ဒီရှေးခေတ်မှာ ရှိနေသည့် များပြားလှစွာသော စည်းမျဉ်းစည်းကမ်းတွေနှင့် အသက်ရှင်ကျန်နိုင်မည့် နည်းလမ်းတွေကိုလည်း သိနေသည်။
ဒီလိုအကြောင်းအရာမျိုးတွေက TV မှာ လာနေကြ ဇာတ်လမ်းတွဲတွေထဲက scene တွေနဲ့တောင် တူမနေဘူးလား ?
ကိုယ်လုပ်တော်တွေ ကြင်ယာတော်တွေ မောင်းမတွေကြားထဲမှာ မင်းသားရဲ့ ချစ်မြတ်နိုးခံရပြီး နေရာဖို့ တိုက်ခိုက်နေရတာ သနားစရာကောင်းလွန်းသည်။ ထိုကဲ့သို့သော အကျိုးမရှိ စိတ်ပျက်စရာကောင်းလွန်းသော အလုပ်မျိုးကို ထန်အာ ယောင်လို့တောင် မလုပ်ချင်။
" ထန်အာ !. ငါ အကြံပေးတာကို နားထောင်ပါ "
" အိုက်ယား !. ငါ တော်တော်လေး ပင်ပန်းနေပြီ ... နည်းနည်းလောက် လှဲရမယ်ထင်တယ် ... ပြုတ်ကျထားတဲ့ နေရာတွေက နာနေတာ တကယ်ကြီး !!. မကောင်းဘူး .. မကောင်းဘူး .. ငါအခု အနားမယူရရင် နာလွန်းလို့ သေသွားမလားမသိဘူး ! "
ထန်အာ လက်ကလေးကို ဝှေ့ယမ်းပြီး သူမ ရှေ့မှာ ရှိနေသည့် နှစ်ယောက်ကို ကြည့်လိုက်၍ ချက်ချင်းပင် နာလွန်းလို့ သေတော့မလို သရုပ်ဆောင်တော့သည်။
" ကျင်းရှင်း .. ငါ့ကို ကူပြီး ထန်အာ့ကို ဖျောင်းဖျပေးဦးလေ "
စိတ်ရှုပ်လာသဖြင့် ယွဲ့လာတစ်ယောက် ကျင်းရှင်းကို အကူအညီတောင်းမိသည်။ ကျင်းရှင်း ခေါင်းခါလိုက်ပြီး သူမလည်း မကူညီနိုင်ကြောင်း အမူအရာဖြင့်ပြမိသည်။ သခင်မလေး ခေါင်းမာရင် ဘယ်သူနိုင်တာကျလို့ !
**************************************************************************
တစ်လကြာပြီးတဲ့နောက်မှာတော့ လက်ထပ်ပွဲက အကောင်အထည်ပေါ်လာပြီဖြစ်သည်။
အနီရောင် မီးပုံးတွေနဲ့ မင်္ဂလာအခမ်းအနား အပြင်အဆင်တွေက ချွီအိမ်တော်ရော မင်းသား(၈) ရဲ့ အိမ်တော်မှာပါ ခင်းကျင်းထားသည်။ ပျော်ပွဲရွှင်ပွဲတစ်ခုသဖွယ် ယောက်ယက်ခတ်သွားလာနေကြသည့် သူတွေကြောင့် လှုပ်ရှားသက်ဝင်နေသည်။