အပိုင်း ၈
3.6K 225 1
8.
ထန်​အာ ရယ်​​နေရာက မျက်​နှာ​လေးချက်​ချင်းတည်​သွား၍ ကျင်းရှင်းကို ကြည့်​ကာ ခပ်​တိုးတိုးဆိုသည်​။
" နင်​သိလား ?.. ခုနက အပြင်​ခိုးထွက်​တာ​လေ .. ​အောင်​မြင်​ခါနီးကျမှ အ​နှောင့်​အယှက်​​ကောင်​တစ်​​ကောင်​ ​ပေါ်လာတယ်​ .. ငါ့ကို မကူညီရုံတင်​မကဘူး .. ​ဘေးမှာရပ်​ပြီး ပွဲကြည့်​သွား​သေးတယ်​ .. အဲဒီ​ကောင်​​ကြောင့်​ ငါ ပြုတ်​ကျတာ အရိုး​တွေ​တောင်​ ကျိုးလုနီးပါးပဲ "
(T/N: ချန်​ချန်​က အတင်းခုန်​ချခိုင်းလို့လား .. ကိုယ့်​ဘာသာကိုယ်​ ခုန်​ချတာ မဟုတ်​ဘူးလား ထန်​ထန်​ရယ်​ 😒😂😝)
မို့လျန်​ချန်​ အ​ကြောင်းကို ​ပြောလိုက်​တာနဲ့ ထန်​အာ ​ဒေါသထွက်​လွန်းလို့ ရင်​ထဲမှာ မီး​တွေ ​လောင်​မြိုက်​​နေသလိုပဲ။
ခေတ်​သစ်​ကာလမှာ​ရော .. အခု ဒီ​ရှေး​ခေတ်​ သုန်းယွဲ့မှာ ​နေတဲ့ ကာလတ​လျှောက်​လုံး​ရော .. ​တွေ့ဖူးသမျှ​တွေထဲမှာ ဒီ​လောက်​ကြည့်​​ကောင်းပြီး ​ချောပြီး အပြစ်​​ပြောစရာမရှိ​အောင်​ ပြည့်​စုံလွန်းတဲ့ ​ယောက်ျားကို ပထမဆုံး ​တွေ့ခဲ့ရ​ပေမယ့်​ ​​သွေး​အေး​အေးနဲ့ ​သောက်​ကျင့်​မ​ကောင်းတဲ့ ​ကောင်​မျိုး ဖြစ်​​နေတာ ​တော်​​တော်​ကံဆိုးတာပဲဟု ထင်​မိသည်​။
ခန့်​ညား​ချော​မောတဲ့ ​ယောက်ျားဖြစ်​ဖြစ်​ မ​ခန့်​ညားတဲ့ ​ယောက်ျားဖြစ်​ဖြစ်​ သူမလို လှပတဲ့ မိန်းက​လေးမျိုးကို ​တွေ့ရင်​ နည်းနည်း​တော့ ​နွေး​နွေး​ထွေး​ထွေး ဆက်​ဆံကြတာပဲ​လေ။
အခု ဒီလူကျ​တော့ အကြည့်​ကလည်း ​အေးတိ​အေးစက်​နဲ့ လူပုံက မထုံတက်​​တေး ​ပေကပ်​ကပ်​။ သူမ ​မြေ​ပေါ်ပြုတ်​ကျတာ​တောင်​ မဖမ်း​ပေးဘဲ ခပ်​တည်​တည်​နဲ့ ရပ်​ကြည့်​​နေ​သေးတာ။ ဘယ်​​လောက်​​တောင်​ နှလုံးသားက မည်းနက်​ပြီး အကျင့်​က ပုတ်​ယုတ်​ရိရွဲ​နေရတာလဲ ?!
ကျင်းရှင်း အပြင်​ထွက်​ဖို့ ​ခြေလှမ်း​တွေ တုံ့ဆိုင်းသွားကာ ဆတ်​ခနဲ ပြန်​လှည့်​လာသည်​။ ဒီအဖြစ်​အပျက်​ကို သူမ မသိလိုက်​သည့်​အတွက်​ အူ​ကြောင်​​ကြောင်​ဖြစ်​သွားပုံ ​ပေါ်သည်​။ ကျင်းရှင်း ဇ​ဝေဇဝါနှင့်​ ထန်​အာကို ကြည့်​ကာ ​မေးလိုက်​သည်​။