အပိုင်း ၁၁
7.3K 421 44
အပိုင်း ၁၁
ကောင်းတယ်​ ?. ဘာက ​ကောင်းတာလဲ ?.. ဒီလူ အဲဒီစကားကို ​ပြောတာ နှစ်​ခါရှိပြီ။
အဲဒီ​တော့ ဘာလဲ ?.. ဒီမှာ အိပ်​မှာလား မအိပ်​ဘူးလား ?
ဒါအကုန်​လုံးက ဒီအနီ​ရောင်​​ခေါင်း​ဆောင်းကြီးရဲ့ အမှားပဲ !. မဟုတ်​ရင်​ သူမ ​ခေါင်း​လေးကို ​မော့ပြီး ကြည့်​လိုက်​ရုံနဲ့ မို့လျန်​ချန်​ရဲ့ မျက်​နှာအမူအရာအ​နေအထားကို မြင်​ရမယ့်​ဟာကို။
သူမရဲ့ ​ထောင်​​ချောက်​က​လေး နှစ်​ခုက သိသိသာသာကို ကျရှုံးသွားခဲ့ပြီမို့လို့ ​နောက်​ဆုံး​လှည့်​စားမှု​လေးတစ်​ခုကို လုပ်​​ဆောင်​ရုံပဲ ကျန်​​တော့တယ်​။ ဒီ​နောက်​ဆုံးလုပ်​​ဆောင်​ချက်​က​လေးက​တော့ ​သေချာ​ပေါက်​ ​အောင်​မြင်​မှရလိမ့်​မယ်​။
သူမ ​တွေးရုံပဲ ​တွေးရ​သေး​တဲ့အချိန်​မှာ မို့လျန်​ချန်​ စကားတစ်​ခွန်းကို ဆိုလိုက်သ​ည်​။
" ငါမင်းသား ဒီအခန်းထဲက​နေ ထွက်​သွားခဲ့ရင်​ မင်း ​နောင်​တမရဘူးဆိုတာ ​သေချာလား ? "
" သွားမလို့လား ?. ​ယောက်ျား ဒါဆိုလည်း ဂရုစိုက်​သွား​နော်​ .. ​​ခေါင်း​ဆောင်း​ကြောင့်​ ​ယောက်ျားကို ကျွန်​မ မမြင်​ရဘူး​လေ "
မို့လျန်​ချန်​ အင်္ကျီလက်​ကို ခါကာ လက်​ကို ​ကျော​နောက်​ပို့လိုက်​ပြီး တံခါးဘက်​ကို ​ခြေလှမ်းလိုက်​သည်​။ သူ ထွက်​မသွားခင်​ ခုတ​​င်ေ​နာက် ​​ထောင့်​​ဘက်​ တ​နေရာကို ​ခေတ္တမျှ စိုက်​ကြည့်​လိုက်​​သေး၏။ ထို့​နောက်​ သက်​ပြင်းချကာ ထွက်​သွား​တော့သည်​။
အချိန်​အနည်းငယ်​ကြာပြီးတဲ့အခါမှာ ....
" အသည်း​လေး .. ရှင်​ ရှိ​နေ​သေးလား ? "
အကဲစမ်းသည့်​သ​ဘောနှင့်​ ချွီထန်​အာ မရဲတရဲ ​မေးလိုက်​သည်​။
အခန်းထဲမှာ​တော့ တိတ်​ဆိတ်​​နေလျက်​ သူမရဲ့ ​မေးခွန်းကို ပြန်​​ဖြေ​ပေးမယ့်​သူ တစ်​ဦးတစ်​​ယောက်​​တောင်​ မရှိ။
" ထပ်​​ခေါ်​နေစရာမလို​တော့ဘူး .. နင့်​ အသည်း​လေးက အ​စောကြီးကတည်းက ထွက်​သွားပြီ "
Você leu todos os capítulos publicados.
⏰ Última atualização: Mar 06, 2020 ⏰
Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!