Episode(5)

1.2K 62 0
                                    

ရတနာ ~ အားမာန်​!!!

လင်းလက်​ဖြူ ~ အဲဒီ့လူက အားမာန်​လား..

"ဟုတ်​တယ်​"

"သူက​ဆေးရုံကိုဘာလာလုပ်​တာလဲ"

"မသိဘူး​လေ...ဧကန္တ သူ​ဋ္ဌေးဦးတင်​နိုင်​ ကိုများအန္တရာယ်​​ပေးဖို့လာတာလားမသိဘူး"

"ရတနာ..​ပေါက်​ကရမ​ပြောနဲ့.. မဟုတ်​​လောက်​ပါဘူး..သူလည်းလူနာလာကြည့်​တာ​နေမှာ​ပေါ့.."

"Inn...ရုပ်​ကလည်း​ကြောက်​စရာကြီး..ကြက်​သီး​တွေ​တောင်​ထလာပြီ...ဟာ..သူဒီဘက်​လာ​နေပြီ..Dr.ပဲ​ပြောလိုက်​​နော်​..ရတနာ​တော့​ကြောက်​တယ်​"

"ရတနာ.."

ထိုချိန်​..လင်းလက်​ဖြူ တို့နားသို့အားမာန်​​ရောက်​လာသည်​...

"ဒီမှာဗျ.."

"ရှင်​..ဟု​တ်​ကဲ့.."

"သူ​ဌေးဦးတင်​နိုင်​ရဲ့အခန်းကဘယ်​မှာလဲ"

"အခန်းနံပါတ်​ ၁၄၂ ပါရှင့်​..ဒီဘက်​မှာပါ"

"ဟုတ်​ကဲ့...​ကျေးဇူးပါပဲ"

အားမာန်​ကသူသိချင်​တာသိရ​တော့ ချက်​ချင်းဆိုသလိုပင်​ထွက်​သွားသည်​...

"ရတနာမ​ပြောဘူးလား..သူ..သူက သူ​ဋ္ဌေးကို အန္တရာယ်​ ပြုဖို့လာတာပါဆို..."

"ရတနာရယ်​..မ​သေချာဘဲနဲ့မစွပ်​စွဲပါနဲ့..တစ်​ပါးလူကိုနစ်​နာ​စေတယ်​..လာ..ငါတို့အလုပ်​ပဲလုပ်​ရ​အောင်​...အားမာန်​ လာတာငါတို့အလုပ်​မဟုတ်​ဘူး"

"ဟုတ်​ကဲ့ပါ"

😗😗😗😗😗😗😗😗

အခန်း 142~~

"အဟမ်း.."

 ​ဒေါက်​ ​ဒေါက်​ ​ဒေါက်

အခန်းထဲဝင်​လာတဲ့ အားမာန်​ကိုမြင်​​တော့် သူ​ဋ္ဌေးဦးတင်​နိုင်​ ကလန့်​သွားတာ​ပေါ့...

"မင်္ဂလာပါ..သူ​ဋ္ဌေးကြီး ဦးတင်​နိုင်​...​​နေလို့မှ​ကောင်းရဲ့လား..ခင်​ဗျား​တော်​​တော်​ကံ​ကောင်းတာပဲ..​သေနတ်​နဲ့ပစ်​ခံထားရ​တာ​တောင်​..​ဆေးရုံကိုမြန်​မြန်​​ရောက်​လာတယ်​..ဒဏ်​ရာကနာ​နေ​သေးလား..ဘာလို့အခုထိအသက်​ရှင်​​နေ​သေးတာလဲ..ဘာလို့မ​သေနိုင်​​သေးတာလဲ..."

"အား..အား..အားမာန်​...မင်း..မင်း.."

"ဘာလဲ..aw...ခင်​ဗျားမ​သေနဲ့ဦး..ခင်​ဗျား​သေလို့မဖြစ်​​သေးဘူး..​သေတမ်းစာကို​ပြောင်း​ပေးသွားဦး..စွမ်းမြတ်​ဉာဏ်​ နာမည်​​နေရာမှာကျွန်​​တော့်​နာမည်​ကိုထည့်​​ပေး.."

"မင်း...."

"​နေ​ကောင်း​အောင်​​နေပါ..ဒီ​နေ့​တော့နှုတ်​ဆက်​ပါတယ်​.."

ပြောချင်​တာ​တွေ​ပြောပြီး အားမာန်​ လူနာခန်းထဲမှထွက်​သွားသည်​...

ဒါ​တွေအားလုံးကို အမှတ်​မထင်​ဘဲကားလိုက်​ရတာက Dr.ခန့်​သုတ~~.

"ဘာလဲဟ..တကယ်​ပဲ..အားမာန်​ကသူ​ဋ္ဌေးကို​သေနတ်​နဲ့ပစ်​ခဲ့တာလား..​ကြောက်​စရာကြီးပဲ..
ဒါဆို​သေနတ်​နဲ့ပစ်​တဲ့လူက စွမ်းမြတ်​ဉာဏ်​ မဟုတ်​ဘူး​ပေါ့..ဇာတ်​လမ်းကဘာလို့ဒီ​လောက်​ရှုပ်​​ထွေးရတာလဲ..ငါ​တောင်​အားမာန်​ကိုလန့်​လာပြီ..ဒီအ​ကြောင်း​တွေကိုသူများ​တွေကို​ပြောပြလိုက်​ရမလား..ငါဒါ​တွေကိုသိ​နေတာ..အားမာန်​သာသိရင်​ငါ့ကိုလာသတ်​မှာလားမသိဘူး...ဟာ..ဘာ​တွေမှန်းမသိ​တော့ဘူး.."

💚💚💚💚💚💚💚💚💚💚💚💚💚💚

Hello....Reader တို့ First Love ​လေးကို​မေ့​နေပြီလား..
နဲနဲ​တော့တိုသွားတယ်​..author လည်းအလုပ်​​တွေများ​နေလို့ပါ..Reader ​လေး​တွေ​မေ့သွားမှာစိုးလို့ အပိုင်းသစ်​​လေး up ​ပေးလိုက်​ပြီ​နော်​..😚😚

First Love{Completed}Where stories live. Discover now