Episode(17)

929 41 0
                                    

ကိုကို့နောက်ကနေပြေးလိုက်ခဲ့မိတယ်...
ပြေးလိုက်ခဲ့မိတဲ့ ဒီခြေထောက်တွေကိုရိုက်ချိုးချင်လောက်အောင်မုန်းတီးနေမိပြီ...
ငါဘာလို့များဒီလိုပြေးလိုက်ခဲ့မိတာပါလိမ့်..

ကိုကို့နောက်ကလိုက်လာတော့ အပြင်ဘက်မှာလင်းလက်ကိုတွေ့တော့ကျွန်မခြေလှမ်းတွေရပ်တန့်သွားတယ်...

ကိုကိုကလင်းလက် ရဲ့လက်ကိုဆွဲပီးပြောနေတော့..ကျွန်မကွယ်ရာကနေနားထောင်နေမိတယ်...

သူတို့နှစ်ယောက်ရဲ့စကားတွေကကျွန်မကိုနာကျင်စေတယ်...

ဘယ်ကနေဘယ်လိုတွေဖြစ်သွားကြတာလဲ..ဘာတွေဖြစ်ကုန်တာလဲ...အခုချိန်မှာကျွန်မကတတိယလူဖြစ်သွားပြီလို့ခံစားလာရတဲ့အခါ နှလုံးသားကတဆစ်ဆစ်နာကျင်နေသလိုပဲ..နာကျင်တာထက်သူတို့ကိုကြည့်ပြီးဝမ်းနည်းသလို ကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားလာရသလို...

ရင်ထဲကစကားကိုတိုးတိုးလေးထုတ်ပြီးရေရွတ်လိုက်မိတယ်...

"လင်းလက်နဲ့ကိုကိုနဲ့ကချစ်သူတွေလား..သူတို့ချစ်နေကြတာလား..ငါကသူတို့အချစ်ကိုဖျက်ဆီးလိုက်တာလား..."

နောက်တစ်ခါလှမ်းကြည့်လိုက်မိတော့ ကိုကို့ကိုကျောခိုင်းထွက်သွားတဲ့ လင်းလက်...

သူ့မျက်နှာမှာပျော်ရွှင်မှုဝမ်းသာမှုတွေအစား ဝမ်းနည်းကြေကွဲမှုတွေနဲ့မျက်ရည်တွေသာပြည့်နေခဲ့တယ်...

ကိုကိုကလည်းမြေပြင်ပေါ်ဒူးထောက်ထိုင်ချနေပြီး အိနြေ္ဒ သိက္ခာ တွေတောင်မဆယ်နိုင်တော့ဘဲငိုနေလေတော့သည်...

ဒီမြင်ကွင်းက ပွဲထဲကိုပြန်ဝင်လာတဲ့အထိ မျက်လုံးထဲကမထွက်တဲ့မြင်ကွင်းတစ်ရပ်ဖြစ်နေသည်...

😥😥😥😥😥

လင်းလက်ရယ်...ဘာကြောင့်ဒီလိုလုပ်ရတာလဲ..ကိုယ်ကမင်းကိုပဲချစ်တာပါ..ဘာကြောင့်ကိုယ့်ကို ဝတီနဲ့ညားစေချင်တာလဲ..မင်းကနောက်ဆုတ်ပေးလိုက်တာလား..ကိုယ့်သူငယ်ချင်းအရင်းဆိုပေမယ့်လည်း မင်းကိုယ့်အချစ်ကိုတော့ထည့်တွက်ခဲ့သင့်တယ်..မင်းကိုယ့်ကိုဘာကြောင့်ဒီလိုပြောရတာလဲ..ဒါတွေကမင်းစိတ်ထဲကလာတာမဟုတ်ဘူးမလား..ကိုယ်သိတယ်... မင်းညာနေတာကိုယ်သိပါတယ်...မင်းကိုယ့်ကိုချစ်တာကိုသိပါတယ်...လင်းလက်ရယ်...ကျေးဇူးပြုပြီးကိုယ့်ကိုမရက်စက်ပါနဲ့...

First Love{Completed}Where stories live. Discover now