Episode(8)

1.1K 55 0
                                    

Famous Shopping Mall~~

"အခုမှပဲ...လွတ်​လွတ်​လပ်​လပ်​ သွားရ​တော့တယ်​။အဖွားကဝိုင်း​ပြော​ပေးလို့​ပေါ့..မဟုတ်​ရင်​ငါတို့​ဒေါ်​လေး​ကြောင့်​သွားရမှာ​တောင်​မဟုတ်​ဘူး"

"ဟုတ်​တယ်​.. အဖွားကအချိန်​မီ​ရောက်​လာတာကျွန်​​တော်​တို့ကံ​ကောင်းသွားတယ်​..အခုချိန်​ဆို..​ဒေါ်​လေးဘယ်​​လောက်​​တောင်​စိတ်​တို​နေမလဲမသိဘူး..အဖွားကို​ပြော​တော့မှာ​သေချာတယ်​"

"အဲလိုလည်းမဟုတ်​ပါဘူး..​ဒေါ်​လေးကငါတို့ကိုစိတ်​ပူလို့​ပြောတာပါ..စိတ်​ပူလွန်းလို့ဒီလိုဖြစ်​သွားတာပါ..​ဒေါ်​လေးရဲ့​စေတနာကိုနားလည်​​ပေးလိုက်​ပါ..အခုတ​လောလူသတ်​မှု​တွေလုယက်​မှု​တွေများ​နေတာဆို​တော့​ဒေါ်​လေးကစိတ်​ပူလို့မလွှတ်​တာပါ..နင်​တို့အဆိုးဘက်​ကမ​တွေးဘဲအ​ကောင်းဘက်​က​တွေးပါ..​ဒေါ်​လေးကငါတို့ကိုသူ့ရဲ့သားသမီး​တွေလို​ကျွေး​မွေးပြုစု​စောင့်​​ရှောက်​ထားတာပဲဟာ..."

"Inn...ဒါလည်းဟုတ်​တာပဲ"

"မမ​လင်းလက်​.. ပဲစဉ်းစားတတ်​ပါတယ်​...မှန်​ပါ​ပေတယ်​။"

"မမ..ငါ​ရေခဲမုန့်​စားချင်​တယ်​..​ရေခဲမုန့်​သွားစားရ​အောင်​...."

တခြားလူ​တွေ​ရှေ့မှာဆိုခပ်​တင်းတင်း​နေတဲ့ ​ဆောင်းနှင်းဖြူ က​မောင်​နှမ​တွေ​ရှေ့ဆိုက​လေး​လေးတစ်​​ယောက်​လိုဖြစ်​သွားတတ်​တဲ့ညီမ​လေးတစ်​​ယောက်​~~

"Inn...နင့်​သ​ဘောပဲ​လေ"

ရေခဲ့မုန့်​ဝယ်​ပြီး​သော်​~~

"​ရေခဲမုန့်​ကအရသာ​တော်​​တော်​​ကောင်းတယ်​.."

"Inn..."

"တခြားဝယ်​စရာရှိတာသွားကြည့်​ရ​အောင်​​လေ..ဒီမှာပဲကြာ​နေလို့မရဘူး..အိမ်​ပြန်​​နောက်​ကျရင်
ဒေါ်​လေးဆူ​နေမယ်​"

"Inn..."

လင်းလက်​ဖြူ က​ရေခဲမုန့်​​လေးစားရင်းလမ်း​လျှောက်​လာရာ..

မောင်​နှမ​တွေစကား​လေးတ​ပြော​ပြောနဲ့..​ရှေ့က​လျှောက်​လာတဲ့လူတစ်​​ယောက်​နဲ့တိုက်​မိ​တော့သည်​။

First Love{Completed}Where stories live. Discover now