Flashback
"Woo Woo အရမ်းကို ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးဘဲ......"
Kev လက်ခုပ်တီးပြီး ပြောကာ သူ့သူငယ်ချင်းအုပ်စုနဲ့အတူ Taeyeonတို့ဆီ လျှောက်လာ၏
Taeyeon လည်း Fanyကို သူ့နောက်ကို ပို့ပြီး
"Kev မင်း ဘာလိုချင်တာလည်း....ဒီမှာ ရှိမနေသင့်ဘူးထင်တယ် မင်း သူ့အနားကပ်ခွင့်မရှိဘူး... ""Kim Taeyeon.....ဒါ ကျောင်းမှာ မဟုတ်ဘူးလေ....hk hk"
"Kev....."
"ငါ့နှာခေါင်းရိုး မင်းကြောင့် ကျိုးခဲ့တာ မှတ်မိလား.....မင်းကို ငါ့လိုဖြစ်အောင် လုပ်မယ်...."
Kev သူ့နှာခေါင်းကို တို့ပြပြီး ပြောလိုက်သည်
"Baby...ကိုယ်တို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိသေးတယ်နော် "
Fanyကို ကြည့်ကာ ရိသဲ့သဲ့အသံနဲ့ ပြောလိုက်သည်"ထွက်သွား မဟုတ်ရင် ငါ ရဲကို ဖုန်းဆက်လိုက်မှာနော် ...."
"Haha ကျောင်းကတောင် ထုတ်ခံထားရတာ ငါ ဘာကိုမှ ဂရုမစိုက်ဘူး ထောင်ထဲရောက်ရင် ရောက်ပါစေ လက်စားချေစရာရှိတာတော့ ချေမယ်..........ပြီးတော့ Tiffany မင်း.....ဟိုတနေ့က ကိစ္စပြန်ဆက်ကြတာပေါ့."
Fany ကြောက်ပြီး အသားတွေတုန်နေပေမယ့် Taeyeonမှာ သူ့ချစ်သူရဲ့ လက်ကို ဆုပ်ကိုင်ထားသည်
"Kev....မင်း ပါးစပ်ပိတ်ထားစမ်း Fany အသားကို အိမ်မက်ထဲတောင် ထိဖို့မကြိုးစားနဲ့......"
"Oh ....Romeoလို ဖြစ်အောင် လုပ်နေတာလား Kim Taeyeon......"
"Fany...ငါ ပြေးလို့ ပြောတာနဲ့ ပြေးနော်......"
Fany နားသို့ Taeyeon ကပ်ပြောလိုက်သည်"နင်ကရော...."
Fany သူ့ချစ်သူကို စိတ်ပူပြီး မေးလိုက်သည်"စိတ်မပူပါနဲ့  ငါ အချိန်နည်းနည်းဆွဲထားပြီးတာနဲ့ ပြေးမှာပါ...."
"No No နင့်ကိုငါ ထားမသွားနိုင်ဘူး....."
"ငါ သူတို့ကို ထိန်းထားနိုင်ပါတယ် နင်ပြေးပါဆို....."
YOU ARE READING
Choice
Fanfictionနာမည်ကြီး အဆိုတော်သရုပ်ဆောင် Tiffany Hwangက သူ့ချစ်သူ Kwon Yulyulk နဲ့ ပျော်ရွှင်နေတဲ့ အချိန်.....အတိတ်က ပျောက်ဆုံးသွားတဲ့ ချစ်သူဟောင်း Kim Taeyeon မှာ ရုတ်တရက် ပေါ်လာသောအခါ သူ့ကို ပျော်အောင်ထားတဲ့ ချစ်သူ Kwonကိုဘဲ ရွေးမ...