Choice Part-14

676 62 4
                                    

"Fany....ကိုယ်​တို့ တွဲ​နေတာ တစ်​နှစ်​​ကျော်​ရှိပြီ​နော်​....မင်း ဘာ​တွေ​တွေး​နေတာလည်း...မင်း တစ်​ခုခုဖြစ်​​နေတယ်​ဆိုတာ ငါသိတယ်​ ပြီး​တော့ Kim Taeyeonနဲ့ ပတ်​သက်​​နေတယ်​ မဟုတ်​လာ....."
Fany ကို စိုက်​ကြည့်​ပြီး Yul ​ပြောလိုက်​သည်

Fanyမှာ Yul အကြည့်​ကို ​ရှောင်​ဖို့ကြိုးစားသည်

"ကိုယ့်​ကို ကြည့်​ပါ Fany..... "
Fany ရဲ့ ​မေး​စေ့ကို ကိုင်​ပြီး ​ Yul ​ပြောလိုက်​သည်

"Kim Taeyeonက မင်းအတွက်​ သူစိမ်းမဟုတ်​ဘူးဆိုတာ ကိုယ်​သိတယ်​....သူဟာ မင်းအတွက်​ ​တော်​​တော်​အ​ရေးပါမယ်​.. ....သူဘယ်​သူလည်း....."

Fany ဘာမှပြန်​မ​ဖြေ​​ပေ....သူ့အ​​ဖြေဟာ Yulကို နာကျင်​​စေမယ်​ဆိုတာ သိ​နေတယ်​​လေ

Yul သက်​ပြင်းချပြီး ဆိုဖာ​ပေါ် ပစ်​ထိုင်​လိုက်​သည်

"ကိုယ်​သိပါတယ်​ လူတိုင်းမှာ လျို့ဝှက်​ချက်​ရှိတာ မင်း ကိုယ့်​ကို မ​ပြောဘဲ လျို့ဝှက်​ချက်​အဖြစ်​ ထားမယ်​ဆိုလည်း မင်းသ​ဘောပါ "

Yulမှာ သူ့ချစ်​သူကို ​တော်​​တော်​ချစ်​ရှာသည်​....မ​ဖြေချင်​တဲ့​မေးခွန်းကို ဇွတ်​မ​မေး​ပေ....

"Kim Taeyeon...သူက အရင်​က ငါ့ချစ်​သူ...."
Fany သက်​ပြင်းချပြီး အမှန်​တိုင်း​ပြောပြလိုက်​သည်

"အခု SMမှာ အလုပ်​လုပ်​​နေတဲ့ Taeyeonကို မင်းရည်းစား​ဟောင်းလို့ ထင်​​နေတာလား...."

"ငါ...ငါလည်း ​ဝေခွဲမ​ရ​တော့ဘူး....."

"မင်း သူ့ကို ​သေချာ​မေးသင့်​တယ်

"ငါ​မေးတယ်​ နှစ်​ခါ​တောင်​​မေးတယ်​ သူက မဟုတ်​ဘူးလို့​ပြောတယ်​...."

Yul သူချစ်​တဲ့​ကောင်​မ​လေးကို ကြည့်​ပြီး ရင်​ထဲနာကျင်​​နေ​ပေမယ့်​ ဟန်​​ဆောင်​ကာ ဖုံးဖိရင်း

"သူ့မိသားစု​တွေကို ​မေးကြည့်​​လေ......"

"No...မဖြစ်​နိုင်​ဘူး.. ..သူ့အ​ဖေကလည်း ​သေသွားပြီ သူ့အ​မေလည်း လွန်​ခဲ့တဲ့နှစ်​က အနုကြမ်းစီးခံရပြီး ဆုံးသွားတယ်​တဲ့...."

"Oh စိတ်​မ​ကောင်းစရာဘဲ သူ့မှာ တခြား​ဆွေမျိုး​တွေ​ရော မရှိဘူးလား "

"No...."
Fany ​ခေါင်းခါလိုက်​သည်

ထို့​နောက်​ စကားသံ​တွေတိတ်​သွားပြီး နှစ်​​ယောက်​လုံးကြားထဲသို့ တိတ်​ဆိတ်​ခြင်းများ ၀င်​​ရောက်​လာသည်

Fanyကို အခုလို မြင်​​နေရတာ Yul မကြိုက်​ပေ ....မုန်းသည်​....Taeyeon ဆိုတာ ဘာ​ကောင်​လည်း ဘာလို့ အခုလို သူတို့ဘ၀ထဲဝင်​လာရတာလည်း ..

"LAကို မင်း​ရောက်​​နေတဲ့ အချိန်​ သူဆုံးသွားတယ်​လို့​ပြောတယ်​​နော်​...​ကျောင်းတုံးက သူငယ်​ချင်း​တွေကို မ​မေးကြည့်​ဘူးလား သူတို့သိ​လောက်​မှာပါ...."

"..."

"Fany ah.....Taeyeon အ​ကြောင်းကို စိတ်​၀င်​စား​နေ​သေးတယ်​ဆိုရင်​ မင်းသူ့ကို ချစ်​​နေ​သေးတာဘဲ....."
Yul ​ကြိုးစားပြီး သူ့ရင်​ထဲက ခံစားချက်​ကို ​ပြောလိုက်​သည်

"မင်း ကိုယ့်​ကို တကယ်​ချစ်​ရင်​ အတိတ်​က ရည်းစားကို အတိတ်​မှာ ထားခဲ့လိုက်​ပါ....အကယ်​၍ သူအသက်​ ရှင်​​နေ​သေးရင်​​ မင်း​ရွေးချယ်​လို့ရပါတယ်​.. .....ဒါ​ပေမယ့်​ မင်းဘာကိုဘဲ ​ရွေးချယ်​ချယ်​ ကိုယ်​က​တော့ မင်းကို ချစ်​​နေအုံးမှာဘဲ...."

Yul ​ပြောပြီး အိမ်​ထဲက ထွက်​သွားလိုက်​သည်

Choice Where stories live. Discover now