Choice Part-36

548 58 4
                                    

ကျွီ.....

ကားဘရိတ်​ ရုတ်​တရက်​ ​ဆောင့်​နင်းသံ​ကြောင့်​ Taeyeon မျက်​လုံးဖွင့်​ကြည့်​​တော့ SMရဲ့ မန်​​နေဂျာ Siwonကို ​တွေ့လိုက်​ရသည်

Siwonမှာ ကား​ပေါ်က​နေ ​ပြေးဆင်းလာသည်

"Kim Taeyeon......"

Taeyeon လက်​​မောင်းကို ဆွဲပြီး ကားလမ်းက​နေ Siwon ​ခေါ်လာလိုက်​သည်

"Hyung........"

Taeyeon အားနာတဲ့ အကြည့်ေ​တွနဲ့ Siwonကို ကြည့်​လိုက်​သည်

"ငါသာ ဘရိတ်​မမိဘူးဆို မင်း ​သေမှာကွ.....မင်းလိုချင်​တာ ဒါလား....ဟမ်​.....​သေ​ချင်​​နေတာလား......"

"​တောင်းပန်​ပါတယ်​ Hyung.. .."

"ဘယ်​သွားမှာလည်း ငါ လိုက်​ပို့​ပေးမယ်​...လာ........"

Taeyeon မှာ Siwon ကို ကြည့်​ပြီး အားနာလို့ ကား​ပေါ်သို့ တက်​လိုက်​သည်

"​တော်​​တော်​​နောက်​ကျ​နေပြီ.....မင်း ဘယ်​သွားမလို့လဲ.. ..."

Siwon Taeyeonကို ကြည့်​ပြီး ​မေးလိုက်​သည်

"ဘယ်​......"

"Tiffanyက မနက်​ဖြန်​ဆို လက်​ထပ်​​တော့မှာ​နော်​.....မင်း....သူ့ကို တကယ်​ဘဲ Yulyulkနဲ့ လက်​ထပ်​ခိုင်း​တော့မှာလား......"

"Tiffany နဲ့ ကျွန်​​တော်​က ဘာမှမသက်​ဆိုင်​​တော့ဘူး သူ့ဘာသာသူ ဘယ်​သူနဲ့ လက်​ထပ်​ထပ်​ ကျွန်​​တော့်​ ကိစ္စ မဟုတ်​ဘူး.. .."

"မင်းတို့ တစ်​​ယောက်​ကို တစ်​​ယောက်​ ချစ်​ကြတယ်​ဆိုတာ ငါ သိပါတယ်​....မလိမ်​စမ်းပါနဲ့......Taeyeon ah ...Tiffany ကို ပြန်​ယူဖို့ အချိန်​မ​နှောင်း​သေးဘူး​နော်​......သူ မင်းကို ဘယ်​​လောက်​ထိ ချစ်​လည်းဆိုတာ ငါ သိပါတယ်​....မင်း ထွက်​သွားခဲ့တာ​တောင်​ သူက.........သူ ​ပျော်​ချင်​​ယောင်​ ဟန်​​ဆောင်​​နေတာ.....ငါက သူနဲ့ အလုပ်​လုပ်​လာတာ နှစ်​အ​တော်​ကြာပြီမို့ သိ​နေပြီ......"

Taeyeonက​တော့ ဘာမှပြန်​မ​ပြောဘဲ သူ့လက်​သည်းကို ငုံ့ကြည့်​​နေ၏

"Kim Taeyeon....မင်း စိတ်​​ပြောင်းချင်​​သေးလို့ရတယ်​​နော်​ မ​နောက်​ကျ​သေးဘူး.........​ဒါ​ပေမယ့်​ မင်း ဘာမှမဖြစ်​သလို ဟန်​​ဆောင်​​နေအုံးမယ်​ဆိုရင်​​တော့ သူ့ကို ​သေချာ​ပေါက်​ဆုံးရှုံးရပြီဘဲ.......မင်း အဲ့လိုဖြစ်​​စေချင်​တာလား....."

Choice Where stories live. Discover now