Choice Part-21

953 75 19
                                    

Fanyနဲ့ Taeyeonတို့ ရိုက်​ကွင်းမရှိတဲ့ ​နေ့တွင်​ Seoul ကို ပြန်​လာပြီး Bora ရှိရာ ​ဆေးရုံသို့ သွားကြသည်​.....

"Boraရယ်​ ​လှေကား​ပေါ်က​နေ ဘယ်​လိုဖြစ်​ပြီး ​ချော်​ကြတာလည်း....."
Fany ​မေးလိုက်​သည်​....

"ငါလည်း မသိ​တော့ဘူး တစ်​စုံတစ်​​ယောက်​က ငါ့ကိုလှမ်းတွန်းလိုက်​သလိုဘဲ ဒါ​ပေမယ့်​ ဘယ်​သူမှလည်းမ​တွေ့မိပါဘူး "
Bora အဲ့​နေ့တုံးက အဖြစ်​အပျက်​ကို ပြန်​​တွေးကြည့်​​နေ၏

"တစ်​​ယောက်​​ယောက်​က နင့်​ကို တွန်းလိုက်​တာ ဟုတ်​လား "
Fany အံ့သြပြီး ​မေးလိုက်​သည်

"အာ ငါ ထင်​တာကို ​ပြောပြတာပါ Taeyeon shii ....Tiffany တစ်​​ယောက်​ ရှင့်​ကို ဒုက္ခ​ရောက်​​အောင်​ ပြဿ နာ​တွေ မလုပ်​ဘူးလို့ ကျွန်​မ ဆု​တောင်းပါတယ်​....သူက တကယ့်​ပြဿ နာအိုး​လေး....."
Bora ​ပြော​တော့ Taeyeon ရယ်​လိုက်​သည်​ ....

Taenyတို့ ​ဆေးရုံက​နေ ဘူဆန်​ကို ပြန်​လာ​တော့ လမ်းတွင်​ မိုးသည်းထန်​စွာ ရွာ​နေ၏....

*ဟပ်​ချိုး.. *

Taeyeonနှာ​တွေ​ချေပြီး နှာရည်​​တွေထွက်​လာ​တော့ Fany တစ်​ရှူးအမြန်​ထုတ်​​ပေးလိုက်​သည်

" ဖျားချင်​​နေတာလား "

Fany ​မေး​တော့ Taeyeon ​ခေါင်းခါပြသည်​.....

"မာချင်​​ယောင်​​ဆောင်​မ​နေပါနဲ့ နင်​က ​နေမ​ကောင်းရင်​ ​ဆေးမ​သောက်​ရဲတာများ...."

"Tiffany ငါ အဲ့​လောက်​ မ​ပျော့ညံ့ပါဘူး ....."

"ငါ နင့်​ကို စိတ်​ပူလို့ပါ "

"စိတ်​ပူစရာမရှိပါဘူး ​ခေါင်းကိုက်​ရုံဘဲကို ....မင်း ပွစိပွစိ​ပြော​နေတာက ငါ့ကို ​ခေါင်းကိုက်​​စေတယ်​.... "

" ပွစိပွစိ လုပ်​​နေတာမဟုတ်​ဘူး ငါ နင့်​ကို စိတ်​ပူလို့ပါဆို....."

" စိတ်​ပူစရာမလိုဘူး မင်းက ငါ့အ​မေလား....."

"နင်​က ငါ့ချစ်​......ဟုတ်​ပါတယ်​​လေ နင်​မှန်​ပါတယ်​......ငါ နင့်​ကို​ အ​နှောင့်​အယှက်​ မ​ပေး​တော့ဘူး နင့်​ဘာသာနင်​ ​သေ​သေရှင်​ရှင်​ ငါနဲ့မဆိုင်​ဘူး "
Fany ​ပြောပြီး အပြင်​ကိုဘဲ ကြည့်​​နေ​တော့သည်

Choice Où les histoires vivent. Découvrez maintenant