Choice Part-30

523 62 4
                                    

တစ်​ပတ်​​လောက်​ကြာ​တော့ Fany ​ဆေးရုံက​နေ ဆင်းခွင့်​ရပြီး အိမ်​သို့ ပြန်​လာ​လေသည်

SMရဲ့ အ​ခြေအ​နေနဲ့ လူအများကြီး ​သေဆုံးခဲ့​ကြောင်း Boraဆီက ကြားခဲ့က​တော့ Fany စိတ်​မ​ကောင်းဖြစ်​မိတယ်

Taeyeonသာ သူ့ကို မကယ်​ခဲ့ဘူးဆိုရင်​ သူလည်း ​သေတဲ့သူ​တွေထဲ ပါမှာဘဲလို့ ​တွေးမိသလို Koreaက​နေ Taeyeonနဲ့အတူ ထွက်​သွားဖို့ ဆုံးဖြတ်​ချက်​ကလည်း ပိုပြီးခိုင်​မာလာတယ်

Mr.Hwangလည်း Taeyeonနဲ့​တွေ့​တော့ အရင်​ကလို စိတ်​ဆိုးမုန်းတီးတာမရှိဘဲ ဘာမှမ​​ပြော​တော့လို့ Fany စိတ်​သက်​သာရာရသွားတယ်

Taeyeonကို မ​တွေ့ရတာ နှစ်​ရက်​​လောက်​ရှိ​နေပြီး ​ဆေးရုံက​နေ ဆင်းလာ​တော့လည်း ​ရောက်​မလာလို့ Fanyမှာ စိတ်​ပူပြီး Taeyeonဆီကို ဖုန်းဆက်​လိုက်သည်

သို့​သော်​လည်း Taeyeon ကဖုန်းမကိုင်​​သော​ကြောင့်​ Fany သက်​ပြင်းချပြီး ဖုန်းချလိုက်​သည်

ထို့​နောက်​ Yulကို ရုတ်​တရက်​ Fany သတိရလာသည်

Yulကို စကား​ပြောချင်​သည်​....ဖြစ်​သမျှအားလုံးရှင်းပြပြီး ​တောင်းပန်းစကားကို Fany​ပြောချင်​မိသည်

Yulလည်း သူနဲ့ Taeyeonအ​ကြောင်း​သိ​နေ​လောက်​ပြီလို့ Fany ခံစားမိသည်​....

ဘာလို့လည်းဆို​တော့ Yulတစ်​ခါမှ ​ဆေးရုံကို လာမ​တွေ့သလို Fanyရဲ့ ဖုန်းကိုလည်း ပြန်​မ​ဖြေ​ပေ.......

Fanyလည်း SMရဲ့ အ​ဆောက်​အဦး အသစ်​မှာ Yulရှိ​လောက်​မယ်​လို့​တွေးပြီး သူ့အ​ဖေကို လိုက်​ပို့ခိုင်း​လေသည်​။

"Kwon Yulyulk......oh သူ အိမ်​သာခဏသွားတယ်​......."

"Thank Oppa......သူ့ရဲ့ စတူဒီယိုမှာဘဲ ​စောင့်​​နေမယ်​ "

Fany ၀န်​ထမ်းတစ်​ဦးကို ​ကျေးဇူးတင်​စကား​ပြောလိုက်​သည်

"Fany shii...."

"Nae....."

Fanyလည်း သူ့နာမည်​ကို လှမ်း​ခေါ်တဲ့ ၀န်​ထမ်းကို လှမ်းကြည့်​လိုက်​သည်

"Taeyeon အလုပ်​ထွက်​စာတင်​လိုက်​ပြီ​နော်​ သူ​ပြောရဲ့လားမသိဘူး  "

Fany ရုတ်​တရက်​ သရဲကို မြင်​လိုက်​ရသလို အရမ်းလန့်​သွားတယ်

"Thae? မစပါနဲ့ သူတကယ်​ အလုပ်​ထွက်​စာတင်​လိုက်​တာလား "

"ဟင်​ Fanyကို သူမ​ပြောဘူးလား..."

"မ​ပြောဘူး.. ..."

Fany ရင်​​တွေပူလာပြီး ထို​နေရာက​နေ ​ပြေးထွက်​လာသည်

ထိုစဉ်​ Yulမှာလည်း အိမ်​သာက ပြန်​လာပြီး အ​ရေးကြီးသုတ်​ပြာနဲ့ထွက်​သွားတဲ့ Fanyကိုကြည့်​ပြီး မျက်​​မှောင်​ကြုတ်​လိုက်​သည်

Fany taxiတစ်​စီးကို ငှါးလိုက်​သည်

Taeyeonဆီ ဖုန်းဆက်​ စာပို့​နေ​​သော်​လည်း Taeyeonဆီက replyမရပါ....

"ဘာထပ်​ဖြစ်​ရပြန်​ပြီလည်း....ထပ်​ပြီး သူ့ကို အဆုံးရှုံးမခံနိုင်​​တော့ဘူးဟာ "

Fany ကား​ပေါ်တွင်​ တ​ယောက်​တည်း ​ရေရွတ်​​နေမိ၏

Taeyeonရဲ့ တိုက်​ခန်း​ရှေ့လည်း​ရောက်​​ရော ချက်​ချင်းပင်​ တိုက်​ခန်းထဲသို့ ​ပြေးသွား​လေသည်

"Tae Tae......"

အ၀တ်​အစား​တွေသိမ်း​နေတဲ့ ​ကောင်​​လေးမှာ သူ့နာမည်​ကို ​ခေါ်သံကြားလို့ လှည့်​ကြည့်​လိုက်​သည်

" ငါ့ကို ထားပြီး ထပ်​ပြီး ထွက်​သွားအုံးမလို့လား.......ဘာလို့ အမြဲတမ်း ဒီလိုလုပ်​​နေရတာလည်း....."

"Tiffany မင်း ထွက်​သွား​ပေးလို့ရလား...."

Fany သူ့ချစ်​သူဆီက သူစိမ်းဆန်​တဲ့စကားကို ကြားလိုက်​ရလို့ အရမ်းအံ့သြသွားတယ်

" ဘာ...ဘယ်​လို​ပြောလိုက်​တယ်​ "

"ထွက်​....သွား....​ပေး..... "

"No မလုပ်​နိုင်​ဘူး.....Tae...ငါ စိတ်​​တွေအရမ်း ရှုပ်​လာပြီ......"

" ထွက်​သွားလို့ ငါ​ပြော​နေတယ်​​နော်​ Tiffany Hwang.. ....."

"နင်​.....နင်​ နာမည်​ အပြည့်​အစုံ​တောင်​ ​ခေါ်ရက်​ပြီလား.....နင်​....ငါ့ကို မချစ်​​တော့ဘူးလား....".

"ငါ မင်းကို ဘယ်​တုံးကမှ မချစ်​ခဲ့ဘူး....မင်းရဲ့ ပိုင်​ဆိုင်​မှုကို လိုချင်​လို့...... "

*slap*

Fany စိတ်​တိုပြီး Taeyeonရဲ့ပါးကို ဖြန်းခနဲ မြည်​​အောင်​ ရိုက်​လိုက်​သည်

"နင်​....."

"ထပ်​ရိုက်​ချင်​​သေးလား.....ရိုက်​လို့ဝရင်​.....ထွက်​သွား​တော့....."

Taeyeon​ပြောပြီး သူ့အခန်းတံခါးကို ​ဆောင့်​ပိတ်​ကာ အခန်းထဲကို ၀င်​သွားလိုက်​သည်

Fanyက​တော့ ငိုရင်း တိုက်​ခန်းက​နေ ​ပြေးထွက်​သွား​လေသည်

Choice Where stories live. Discover now