Taeyeonမှာ သူ့နေရက်တွေကို Fanyကို တိတ်တဆိတ် စောင့်ကြည့်ရင်း ကုန်ဆုံးခဲ့သည်
Ph Ringing.....
"John........"
Taeyeon ph ခေါ်သူက Johnမှန်းလည်း သိရော အမြန် ဖုန်းကိုင်လိုက်သည်"Phကိုင်တာ နောက်ကျလှချည်းလား ငါ့ကောင်ရ........အင်း မင်း Seoul မှာ မရှိဘူးလို့ သတင်းကြားတယ်....."
"အင်း အဲ့မှာ ငါ လုပ်စရာမှ မရှိတာ....."
"ဒါဆို မင်း ဘယ်မှာလည်း Daeguမှာလား....."
"ဘယ်နေရာ ဖြစ်ဖြစ်ပေါ့....."
"Hahahaha.........ငါ မင်းကို ယုံမယ်ထင်လား ဟမ်....မင်း အဲ့မိန်းမအနားက မခွာနိုင်ဘူးဆိုတာ ငါ သိပါတယ်........"
Taeyeon phကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး
"နားထောင်.....အဲ့မိန်းမက အသုံးမ၀င်တော့ဘူး ငါ့အတွက် သူက တခြားတယောက်နဲ့ လက်ထပ်တော့မှာ.....""အဲ့တာက အရေးမကြီးပါဘူး.......သူ ဘယ်သူနဲ့ လက်ထပ်ထပ် မင်း သူ့ကို ခုထိ ချစ်နေသေးတယ်ဆိုတာ ငါ သိပါတယ်.. ......"
Taeyeon စိတ်တွေတိုလွန်းလို့ ချွေးတွေထွက်လာသည်
"ငါ စိတ်ရှည်တတ်တဲ့သူနော် သိလား Kim Taeyeon.......မင်း ကြိုက်တဲ့နေရာကို သွားလို့ရတယ်.....ငါ မေ့မယ်ထင်တဲ့အထိ အချိန်ဆွဲလို့ရတယ်.....ဒါပေမယ့် ငါက ဂိမ်းကစားရတာ ၀ါသနာပါတဲ့သူသိလား.....မင်းရွေ့သမျှ အကွက်တွေကို ငါ စိတ်ရှည်ရှည်နဲ့ ထိုင်ကြည့်နေတယ်......"
"မင်း ဘာလုပ်ချင်နေတာလည်း Tiffanyက ငါနဲ့ မပတ်သက်တော့ဘူးလေ......အဲ့တော့ သူ့ကို နာကျင်အောင် လုပ်လည်း ငါ ဘာမှမဖြစ်တော့ဘူး.. ..."
"မင်းကိုယ်မင်း မသိသေးတာလား ငါ့ကို အရူးလုပ်နေတာ ငါမသိဘူး ထင်နေတာလား မင်းသာ သူ့ကို မချစ်ဘူး ဆိုရင် ငါ့ကို မင်း သူ့ကို မချစ်တော့ဘူးဆိုတဲ့အကြောင်း ထပ်တလဲလဲ ပြောပြနေစရာမလိုဘူး သူ မင်းနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် Tiffanyရဲ့ ဖြစ်တည်မှုက Kim Taeyeonကို သတ်နိုင်တယ်ဆိုတာ ငါ သိတယ်......"
YOU ARE READING
Choice
Fanfictionနာမည်ကြီး အဆိုတော်သရုပ်ဆောင် Tiffany Hwangက သူ့ချစ်သူ Kwon Yulyulk နဲ့ ပျော်ရွှင်နေတဲ့ အချိန်.....အတိတ်က ပျောက်ဆုံးသွားတဲ့ ချစ်သူဟောင်း Kim Taeyeon မှာ ရုတ်တရက် ပေါ်လာသောအခါ သူ့ကို ပျော်အောင်ထားတဲ့ ချစ်သူ Kwonကိုဘဲ ရွေးမ...