Taeyeon တစ်ယောက် Fanyရဲ့ Music videoအတွက် director နဲ့တွေ့ဖို့ Fany ကို SMသို့ ခေါ်လာလေသည်.....
" ကိုယ် အပြင်ခဏ သွားလိုက်အုံးမယ်နော်"
Taeyeon Fanyနားကို ကပ်ကာ တိုးတိုးလေးပြောလိုက်သည်"ဘယ်သွားမလို့လဲ "
Fany သူမရဲ့ ချောမောလှတဲ့ကောင်လေးကို ကြည့်ပြီးမေးလိုက်သည်Taeyeon ထူးဆန်းစွာပြုံးပြပြီး သူ့ချစ်သူရဲ့ ခေါင်းကိုလက်ဖြင့် ပွတ်လိုက်သည်
" ဘယ်သွားမလို့လဲ ပြောလို့ "
Fany နှုတ်ခမ်းစူကာ ပြောလိုက်သည်"ပြန်ရောက်လာရင် ပြောပြမယ်.... "
Taeyeon မျက်စိမှိတ်ပြပြီး ပြောလိုက်သည်"Oh ရှင့်ကိုကြည့်ရတာ ထူးဆန်းလိုက်တာ.......ကောင်မလေးနောက်တစ်ယောက်ကို သွားတွေ့မလို့လား "
Fany Taeyeon
" ကိုယ့်မှာ မင်းကလွဲပြီး တခြားကောင်မလေးမရှိပါဘူးကွာ"
Taeyeon ပြောပြီး သူ့ကောင်မလေးရဲ့ နှုတ်ခမ်းကိုနမ်းလိုက်သည်"Ok ok သွားတာလည်းသွားပေါ့ မကြာစေနဲ့နော် "
"Nae....."
Taeyeon SMမှာ သူ့ချစ်သူလုံခြုံမယ်ဆိုတာ သိလို့ စိတ်အေးလက်အေးနဲ့ထားခဲ့လိုက်သည်...ပြီးတော့ Siwonကိုလည်း သူ့ချစ်သူကို သေချာဂရုစိုက်ပေးဖို့မှာနေ၏
"Hyung မင်း ဘယ်သွားမလို့လဲ "
"တစ်နေရာရာကို.... "
"အော် မင်းက ငါ့ကိုတောင် လျိုထားပါလား "
Siwon မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်"No အဲ့လိုမဟုတ်ပါဘူး "
Taeyeon လိမ်ပြောလိုက်သည်အမှန်တကယ်တော့ Taeyeonမှာ သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်နေတာပါ......
Fany SM CEOနဲ့ စာချုပ်ကိစ္စအကြောင်း မနက်ဖြန်ကျ ပြောမည်......စာချုပ်သက်တမ်း မပြည့်သေးတာကြောင့် လျော်ကြေးပေးရမယ်ဆိုတာ Taeyeon သိပေမယ့်လည်း Fany အသက်အန္တရာယ်ကို စိုးရိမ်လို့ အခုလို Kpopလောကကနေ ထွက်သွားအောင် အတင်းတိုက်တွန်းခဲ့တာပါ........
Taeyeon လက်ထပ်ခွင့်တောင်းပြီးရင် Fanyနဲ့အတူ LAကို သွားမည် ....အဲ့အတွက်ကြောင့် အခုဘဲ လက်ထပ်လက်စွပ်သွားဝယ်နေခြင်းဖြစ်သည်
Taeyeon ကားပေါ်ကို မတက်ခင် ဖုန်းမြည်လာလို့ ကြည့်လိုက်တော့ သူမသိတဲ့နံပါတ်ကြီးဖြစ်နေသည်
"Hello...."
"Kim Taeyeon.. ..."
"John....."
Taeyeon phထဲက လူရဲ့အသံကို မှတ်မိပြီး အသက်ရှူ ရပ်မတက်ဖြစ်သွားသည်....."မင်း ငါ့ကို မှတ်မိသေးလို့ ၀မ်းသာမိပါတယ်...."
"မင်း ဘာလိုချင်လို့လည်း....ငါ့ဖုန်းနံပါတ် ဘယ်လိုလုပ်သိတာလည်း "
"Tiffany Hwangနဲ့ ပျော်နေတယ်ပေါ့.....မင်း သူ့ကိုလက်ထပ်တော့မယ်ဆို "
Taeyeon အရမ်းအံ့သြသွားတယ်....လက်ထပ်မယ့်အကြောင်းကို ဘယ်သူ့ကိုမှမပြောပြဖူးတာကို Johnက ဘယ်လိုသိသွားလည်းဆိုပြီး တွေးနေ၏
"အရမ်း အံ့သြမနေပါနဲ့ မင်းစိတ်ကို ငါ ဖတ်တတ်ပါတယ်...."
Taeyeon ဒေါသထွက်လွန်းလို့ အံကို ကြိတ်ထားမိသည်
"မင်း မင်္ဂလာဆောင်မှာ ငါ လက်ဖွဲ့ပေးမယ်ဆိုရင်ရော "
Taeyeon ချွေးစေးတွေပြန်လာတယ်....
" အခုဘဲ ပေးလိုက်ပါတော့မယ် ကားအပြင်ဘက်ကို ကြည့်စမ်း... ."
Taeyeon ကြည့်လိုက်တော့ SM အဆောက်အဦးကို တွေ့ရလေသည်...
" စိတ်မပူပါနဲ့  ငါ အဲ့ထဲမှာ မရှိဘူး....."
"What!"
" ကဲ မင်းရဲ့ အမှတ်တရနေ့မှာ ဆိုးလ်မြို့တစ်ခုလုံးရဲ့ ကောင်းကင်ကြီးပေါ် မီးပန်းတွေဖောက်ခွဲရင်း ဂုဏ်ပြုပေးလိုက်ပါတယ်...."
BOOM!
Taeyeon စကားဆက်မပြောရသေးခင် ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်.....
ပေါက်ကွဲသံနဲ့အတူ မီးတောက်တွေမီးခိုးငွေ့တွေနဲ့ SMအဆောက်အဦးကို တွေ့လိုက်ရသည်
Fany!!!!!!!
YOU ARE READING
Choice
Fanfictionနာမည်ကြီး အဆိုတော်သရုပ်ဆောင် Tiffany Hwangက သူ့ချစ်သူ Kwon Yulyulk နဲ့ ပျော်ရွှင်နေတဲ့ အချိန်.....အတိတ်က ပျောက်ဆုံးသွားတဲ့ ချစ်သူဟောင်း Kim Taeyeon မှာ ရုတ်တရက် ပေါ်လာသောအခါ သူ့ကို ပျော်အောင်ထားတဲ့ ချစ်သူ Kwonကိုဘဲ ရွေးမ...