Flashback
"Fany ah...."
"Humm....."
ကျောင်းခေါင်မိုးပေါ်တွင် Taenyတို့ အတူ ထိုင်ကာ စကားပြောနေကြ၏
"ကိုယ်....ကိုယ်တို့ လမ်းခွဲရအောင်....."
"What! Tae Tae ဘာပြောလိုက်တယ်.. ...."
"ကိုယ်တို့ လမ်းခွဲရအောင်လို့....."
"တော်တော့......မကြားချင်ဘူး.......ငါ့ဘေးနားမှာ အမြဲနေသွားမယ်ဆိုတဲ့ ကတိကို မေ့သွားပြီလား Tae...."
Taeyeon ၀မ်းနည်းတဲ့ အပြုံးနဲ့ ပြုံးလိုက်ပြီး
"မှတ်မိတာပေါ့ ကိုယ် မင်းကို ပြောခဲ့တာဘဲ ဘယ်မေ့မှာလည်း.... "
Fanyရဲ့ ဆံပင်လေးကို သပ်ပေးရင်း ပြောလိုက်သည်"ဒါပေမယ့် ကိုယ် ဘယ်သူလည်းဆိုတာ မင်းသိရင် ကိုယ့်ကိုမုန်းလိမ့်မယ်....."
Fany မျက်မှောင်ကြုတ်လိုက်ပြီး
"ဘာပြောတာလည်း.....နင်က Kim Taeyeon ငါ့ချစ်သူလေ......ငါက ဘာလို့မုန်းရမှာလည်း "
Taeyeon မျက်နှာလေးညိုးနေ၏
'Tae Tae ငါ တကယ် စိတ်ရှုပ်လာပြီ......ဒါပေမယ့် ဘာဖြစ်နေနေ ငါ နင့်ကို မမုန်းဘူး Tae.....ငါက နင့်အပိုင်ဘဲ ဟုတ်တယ်မလား.... "
Fany ကို Taeyeonဖက်လိုက်ပြီး
"မင်းပြောတဲ့ စကားတွေကို ကိုယ်မှတ်မိနေမှာပါ.....မင်းသိလား ကိုယ်တို့ကို ကံကြမ္မာက မျက်နှာသာမပေးဘူးဟ "
"Yah ဘာလို့ ဒီလို ခွဲခွာရမယ့် စကားတွေဘဲ ပြောနေတာလည်း "
"ကိုယ်ဟာ Kim Soo Man "
Taeyeon ရုတ်တရက် ဖွင့်ပြောလိုက်သည်Fany ထိုနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးသည် ....သို့သော် ဘယ်နေရာတွင် ကြားဖူးမှန်း မမှတ်မိပေ....
"ဘာကို ပြောချင်တာလည်း....
"မင်းအမေကို တက္ကစီနဲ့ တိုက်မိတာ ကိုယ့်အဖေလေ..."
Fany ထိုအခါမှ မှတ်မိသွားသည်....လွန်ခဲ့တဲ့ ငါးနှစ်ခန့်က သူ့အမေ စားသောက်ဆိုင်က ထွက်လာတုံး တက္ကစီတစ်စီး သူ့အမေကို ၀င်တိုက်ခဲ့တယ်လေ
YOU ARE READING
Choice
Fanfictionနာမည်ကြီး အဆိုတော်သရုပ်ဆောင် Tiffany Hwangက သူ့ချစ်သူ Kwon Yulyulk နဲ့ ပျော်ရွှင်နေတဲ့ အချိန်.....အတိတ်က ပျောက်ဆုံးသွားတဲ့ ချစ်သူဟောင်း Kim Taeyeon မှာ ရုတ်တရက် ပေါ်လာသောအခါ သူ့ကို ပျော်အောင်ထားတဲ့ ချစ်သူ Kwonကိုဘဲ ရွေးမ...