ရှေးဆန်ပြီး မျိုးရိုးဂုဏ်ကြီးမားလှသော နန်းတွင်းမျိုးနွယ်မှ ဆင်းသက်လာသူတွေပီပီ ဂင်စံအိမ်တော် သခင်မကြီး၏ မျက်နှာသည် မာန်မာနတရားတို့ ခိုအောင်းနေလျက် .. အရှိန်အဝါတစ်ခုက အမြဲသူမနှင့် ဒွန်တွဲနေသလို စံအိမ်တော်ရှိ လူအားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရ၏။
"ဒီကလေးက.."
Oh Semin ခေါ်လာသည့် ငါးနှစ်အရွယ်ကလေးငယ်ကို သခင်မကြီး စူးစမ်းနေသလို ကလေးငယ်ဟာ သခင်မကြီးကို ကြောက်၍ပဲလား အဘိုးဖြစ်သူ၏ နောက်သို့ ပုန်းကွယ်လိုက်သည်။
Oh Semin ဆိုတာ ဂင်အိမ်တော်ကြီးစတင်သည့်အချိန်ထဲက ဒီအချိန်အထိ နှစ်ဆယ့်ငါးနှစ်လုံးလုံး ခြံစောင့်အလုပ်ကို သစ္စာရှိရှိ လုပ်ကိုင်လာသူ။
"ကျွန်တော့် သားနှင့်ချွေးမက ခရီးထွက်ရင်း သဘောင်္နစ်တဲ့ထဲပါပြီး ဆုံးသွားလို့ သူတို့ရဲ့ သားလေးကို ကျွန်တော်နှင့်အတူတူနေဖို့ ခေါ်လာတာပါ သခင်မကြီး..အဲဒါ သခင်မကြီးဆီက ခွင့်ပြုချက်လာတောင်းတာပါ"
အလုပ်သမားတန်းလျားတွင် နေထိုင်ရသူတွေမလို့ စံအိမ်တော်ပိုင်ရှင်၏ ခွင့်ပြုချက်မရလျှင် မိမိသွေးရင်းတွေ ဖြစ်နေပါစေ ဂင်ရိပ်မြုံကို ခေါ်သွင်းဖို့ရန်ပင် မလွယ်ကူ။
"ဘယ်တတ်နိုင်မလဲ ကလေးကလည်း ခိုကိုးရာမဲ့ဆိုတော့ ခွင့်ပြုပေးရမှာပေါ့..ဒါပေမဲ့ စံအိမ်ရဲ့လောင်းရိပ်မှာနေရင် ဒီအိမ်တော်က ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ လိုက်နာဖို့တော့ ကလေးကို သွန်သင်ပေးထားပါ"
"ကျေးဇူးကြီးမားလှပါတယ် သခင်မကြီး..ကျွန်တော် တစ်ကယ်ကျေးဇူးတင်တာပါ...အလုပ်ကို တာဝန်ကျေပြီး စံအိမ်တော်နှင့်သခင်မကြီးအပေါ် ကျေးဇူးသိတတ်ပါ့မယ်"
ထိုင်ရှိခိုးမတတ် အရိုအသေပေးရင်း ကလေးငယ် လက်ကိုဆွဲကာ ပြန်သွားသည့် Oh Seminကို သခင်မကြီး Kim HaeSu ကြည့်လိုက်ရင်း သက်ပြင်းချကာ...

YOU ARE READING
Paradise
Fanfiction* မင်းသားတစ်ပါးအဖြစ် မွေးဖွားမလာရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘုရင်ဖြစ်အောင်လုပ်ရမယ် *