အမြဲတမ်းအိမ်ထဲမှာပဲ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရတော့ Jongin အတွက် အိမ်ထဲအောင်းရခြင်းက အနည်းငယ်တော့ ငြီးငွေ့ဖွယ်ကောင်းလာတယ် ... အပြင်လေး တစ်ခါလေတော့ ထွက်ဦးမှပဲ
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်ရင်း ရေချိုးပြီးခါစမို့ Shirt ကြယ်သီးတွေ တပ်နေဆဲ ရုတ်တရက် အခန်းတံခါး ပွင့်လာကာ
" မင်း ဒီလောက်ပြင်ဆင်ပေးချင်နေရင် သူ့ကိုလုပ်ပေးလိုက်"
ပြောပြီး Kaiက သူလက်ဆွဲခေါ်လာတဲ့ Sehunကို Jongin ဆီတွန်းလွှတ်လိုက်တာကြောင့် Jongin အယောင်ယောင်အမှားမှားနဲ့ Sehunလက်ကို ကိုင်ထားမိသည်။
Kai ပြန်ထွက်သွားပြီဆိုတော့မှ
"ဘာဖြစ်လာတာလဲ ... Sehun ... "
မေးသာမေးလိုက်ပေမဲ့ အခြေအနေတော့ Jongin အနည်းငယ် ရိပ်မိသလိုတော့ ရှိပါတယ် ... မနေ့ညကလည်း သူ့အိပ်ခန်းတံခါးကို Kai မဖွင့်ပေးလို့ Sehun အပြင်ဘက်ဆိုဖာပေါ်အိပ်နေတာတွေ့လို့ Jongin မနေနိုင်လို့ Kaiကို သွားပြောမိသေးပေမဲ့ " ငါတို့ သဘောတူညီမှူထဲ အိမ်ခေါ်လာဖို့ပဲပါတာ ငါ့အခန်းထဲ သူ့ခေါ်သွင်းဖို့ မပါဘူး" ဆိုသည့် ကပ်သီးကပ်ဖဲ့စကားတစ်ခွန်းကြောင့် Jongin စောဒက မတက်ရဲပဲ မျက်နှာလွှဲထားရ၏။
"သူ Company သွားမှာဆိုလို့ အ၀တ်အစားလဲနေတုန်း Necktie ချည်ပေးဖို့ဝင်တာ ... ငါ့လက်ကိုပုတ်ထုတ်ပြီး မင်းဆီကို ခေါ်လာတာပဲ"
Jongin အမေးကို ပြန်ဖြေရင်းက အခုထိတပ်မထားရသေးသည့် Jongin ၀တ်ထားတဲ့ Shirt ကြယ်သီးတွေကို Sehun တပ်ပေးဖို့ ပြင်လိုက်တော့
"ရပါတယ် ကိုယ့်ဟာကိုပဲ လုပ်လိုက်ပါ့မယ်"
"သူပြောသွားတယ်လေ ... မင်းကို လုပ်ပေးလိုက်ပါတဲ့"
စိတ်ထဲတော့ တစ်မျိုးဖြစ်သွားပေမဲ့ Jongin ဘာမပြောပဲ ငြိမ်သက်နေလိုက်တော့သည်။
••••~•••~•••~•••~•••~•••~•••~•••~•••~•••
"မင်း Company သွားရင် Sehun ကိုပါ ခေါ်သွားလိုက်"

YOU ARE READING
Paradise
Fanfic* မင်းသားတစ်ပါးအဖြစ် မွေးဖွားမလာရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘုရင်ဖြစ်အောင်လုပ်ရမယ် *