သူ အပြစ်မလုပ်ထားပေမဲ့ အမှားတွေအတွက် တောင်းပန်ပြီး ရှင်းပြဖို့ရန် Kai စံအိမ်တော်ကို ပြန်ရောက်လာတဲ့အခါ အရာအားလုံး နောက်ကျသွားခဲ့လေပြီ။
"သခင်မကြီးက လက်ထပ်ပွဲနေ့ကပဲ သခင်လေး သတင်းကြားပြီး အိမ်ပြန်လမ်းမှာ Accident ဖြစ်ပြီး နေရာမှာတင်ဆုံးသွားခဲ့တာပါ ... ပြီးတော့ သခင်လေးနဲ့ လက်ထပ်မဲ့ သတိုးသမီးလည်း အဲဒီနေ့ကပဲ Suicide လုပ်ပြီး သေဆုံးသွားပြီလို့ သိရပါတယ်"
အလုပ်သမားကောင်မလေးတစ်ယောက် ပြောသွားသည့်စကား ပြန်ကြားယောင်မိကာ လက်သီးကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း နံရံကိုသာ သွေးတွေစီးကျလာသည်အထိ Kai အဆက်မပြတ်ထိုးနှက်နေလျက်။
ဈာပနပွဲလာဖို့ မပြောနဲ့ အမှန်တရားတောင် သိခွင့်မရပဲ တစ်ပတ်လုံး ထွက်ပေါက်ပိတ်မိနေခဲ့တဲ့ အချိန်ပြန်စဉ်းစားမိတော့
" အားး .... Oh Sehun အားလုံး မင်းကြောင့်"
အာခေါင်ခြစ်အော်လိုက်တဲ့အခါ မျက်ရည်ပူတွေကလည်း ပါးပြင်ထက် စိုစွတ်လို့။
Ommaကိုတောင် မနှူတ်ဆက်လိုက်ရတဲ့သူ့အဖြစ်ကို တွေးမိကာ ရင်နာမဆုံး။
" အားလုံး မင်းကြောင့်ပဲ ... Oh Sehun ... မင်းကြောင့်... အခုမှ မင်းကြောင့် ငါ့ဘ၀ကြီး တစ်ကယ် စုတ်ပြတ်သတ်သွားတာ "
Omma ကျွန်တော့်ကို ဘယ်လောက်တောင် စိတ်ဆိုးနေခဲ့မလဲ
အစေခံသားမလို့ အစေခံကောင်ကိုပဲ ယူသွားတာလို့ တွေးထင်ခဲ့မလား
လူတွေကရော ဒီအကြောင်းတွေသိရင် ဘယ်လောက်တောင် ရှူံ့ချကြမလဲ
အခုလောက်ဆို Park အိမ်တော်က သူတို့သမီးကို သတ်သွားတဲ့ကောင်ဆိုပြီး အိမ်ရိပ်တောင် အနင်းခံမှာ မဟုတ်တော့
အဆိုးဆုံးက Park Chanyeol က ကျွန်တော့်ကို သတ်ဖို့အတွက် မြေလှန်ရှာနေသည် ဆိုတာပင်

YOU ARE READING
Paradise
Fanfiction* မင်းသားတစ်ပါးအဖြစ် မွေးဖွားမလာရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘုရင်ဖြစ်အောင်လုပ်ရမယ် *