Part-3

1.2K 183 12
                                    

Jongin စံအိမ်​​တော်​ကြီး၏ အ​နောက်​ဘက်​ ဝါးရံတာတွင်​ ရပ်​​နေလျက်​ အလုပ်​သမား တန်းလျားဘက်​သို့ လှမ်းကြည့် ကာ Sehun ထွက်​အလာကို ​စောင့်​​နေသည်​။ Sehun ပန်းခြံဆီသို့ ထွက်​လာတာမြင်​​လေမှ လူအရိပ်​အ​ခြေအကဲခတ်​ပြီး Sehunကို ​ပေးဖို့ အိုးအ​သေး​လေးနဲ့ စိုက်​ထား​သော စံပယ်​ပင်​​​ငယ်​​လေးကို အခန်းထဲသို့ ၀င်​ယူကာ Sehun ရှိရာ ပန်းခြံဆီသို့ ခိုးဆင်းလာ​လေ၏။

"Sehun"

နှင်းဆီပန်းပင်​ တစ်​ပင်​​ရှေ့မှာ ရပ်​​နေလျက်​ ဆူး​တွေ​ချွေ​နေ​သော Sehun..

နောက်​က သခင်​​လေး​ခေါ်သံ​ကြောင့်​ ၀မ်းသာအားရ လှည့်ကြည့်​လိုက်​​တော့ စ​တွေ့တုန်းကအတိုင်း နူးညံ့သည့်မျက်​၀န်း​တွေနဲ့ သူ့အားပြုံးပြ​နေ​သော သခင်​​လေး။

လက်​ထဲမှာလည်း စံပယ်​ပင်​ပေါက်​​ငယ်​​လေးပါသည့်​ ​မြေအိုး​သေး​သေး​လေးကိုင်​ထားသည်​။

"သခင်​​လေး ပန်းပင်​ လာစိုက်​တာလား"

လက်​ထဲက ပန်းပင်​ကို မြင်​သွား၍ Sehun ​မေးလိုက်​သည်​ကို Jongin ပြုံးကာ ​ခေါင်းခါလိုက်​ပြီး Sehun လက်​​တွေကို ဆွဲယူကာ သူယူလာသည့်​ ပန်းပင်​ကို Sehunလက်​ထဲ ထည့်​​ပေးလိုက်​သည်​။

"Sehunကို လက်​​ဆောင်​​ပေးမလို့ .. ဒီပန်းပင်​​လေးကို ပန်း​တွေပွင့်​လာတဲ့အထိ ပုံမှန်​​ရေ​လောင်းပြီး ပျိုး​ထောင်​​ပေးရမယ်​​နော်​"

Sehun သခင်​​လေး​ပေးသည့်​ ပန်းပင်​ကို သ​ဘောကျစွာ လှည့်​ပတ်​ကြည့်​​နေမိသည်​။ ထွက်​ခါစ ရွက်​နု​လေး​တွေနဲ့ စံပယ်​ပင်​ငယ်​​လေးက ​နောင်​တစ်​ချိန်​မှာ သူ့​ကြောင့်​ လှပတဲ့ပန်းပွင့်​​လေး​တွေ​မွေးဖွား​ပေးလာမည်​ကို ​တွေးမိရင်း ကြည်​နူးမိသည်​။

"စိတ်​ချပါ သခင်​​လေး...ကျွန်​​တော်​ သခင်​​လေးအတွက်​ နှင်းဆီဆူး​တွေ ​ကောင်း​ကောင်း​ချွေပြီး စံပယ်​ပင်​​လေး ပန်း​တွေပွင့်​လာတဲ့အထိ ​စောင့်​​ရှောက်​​ပေးပါ့မယ်​ "

Sehun က နှင်းဆီဆူး​တွေ​ချွေ​နေသည်​ဆို​တော့ Jongin အတိုင်းမသိ စိတ်​ပူသွားရကာ

ParadiseWhere stories live. Discover now