ကြိုတင်စီစဉ်ထားသည့်အတိုင်း Sehun မောင်းပို့ရမည့်ကားပေါ် Kai ပါလာခဲ့သည်။ အခုချိန်ထိ ရှေ့က ကားမောင်းနေသူကို Sehunဆိုတာ Kai သိပုံမပေါ်။ Kaiကို ခန်းမလိုက်ပို့မည့် Driverကတော့ အခုလောက်ဆို Sehun လက်ချက်ဖြင့် အိပ်မက်ကမ္ဘ္ဘာထဲကတောင် နိုးထဦးမည်မဟုတ်။ မကြာလိုက် Kaiလည်း အိပ်ပျော်သွားသည်။ မနက်က သူသောက်မည့် ကော်ဖီထဲ ကောင်မလေးတွေ အလစ်ဆေးခတ်ထားသည်လေ။ ချက်ချင်းအာနိသင်မပြပဲ တစ်ဖြေးဖြေးမှ ဆေးက သက်ရောက်မှူရှိလာတာမျိုးကြောင့် အချိန်ကိုက်ဖြစ်သွားခဲ့သည်။ ချက်ချင်းပဲ Sehunကားကို လမ်းကြောင်းပြောင်းလိုက်ပြီး သူအလုပ်လုပ်တုန်းက ရထားသည့် ပိုက်ဆံဖြင့် စုဝယ်ထားသည့် အင်ချွန်းက တိုက်ခန်းဆီသို့ ဦးတည်လိုက်တော့သည်။တိုက်ခန်းဆီသို့ ရောက်လာတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် Kaiကို Sehunပွေ့ချီပြီး အိပ်ရာထက် ပို့လိုက်သည်။
သူလွမ်းဆွတ်နေခဲ့ရသည့် Kai မျက်နှာကို Sehun မျက်တောင်မခတ် ငေးမောရင်း Kai မျက်နှာက အစိတ်အပိုင်းတစ်ခုချင်းစီ သူ့လက်ချောင်းတွေနဲ့ အသာအယာထိတွေ့လိုက်ရင်း နှူတ်ခမ်းဆီသို့ အရောက်
"တောင်းပန်ပါတယ် ... ဒီလိုမှ မလုပ်ရင် ငါ မင်းကို ဆုံးရှူံးရလိမ့်မယ် "
ဖူးအိနေသည့် Kai နှူတ်ခမ်းဖျားကို Sehun ငုံ့မိုးနမ်းရှိုက်လိုက်သည်။ အမြဲတမ်း သူ့အတွက်ကြမ်းတမ်းတဲ့စကားလုံးတွေသာ သယ်ဆောင်လာတတ်သည့် နှူတ်ခမ်းလွှာတွေက အခုကျတော့လည်း ဘာနဲ့မှမလဲနိုင်တဲ့ ချိုမြိန်မှူတွေ ပေးစွမ်းလို့။
" မင်းသိလား Kai ... တစ်စုံတစ်ယောက်က ငါ့ရှေ့မှာ မင်းမကောင်းကြောင်းတွေပြောတဲ့အခါ ငါနားမထောင်ချင်ခဲ့ဘူး ... ဘယ်သူတွေဘာပြောပြော မင်းက ငါ့အတွက်တော့ အမြဲအပြစ်ကင်းတဲ့ ပန်းလေးလိုပဲ ... မင်း ငယ်ငယ်က ဆူးချွေခိုင်းဖူးတဲ့ နှင်းဆီတွေလိုပေါ့ ... မင်းရဲ့အလှအပတွေက အကျည်းတန်တဲ့ ဆူးတွေနဲ့မလိုက်ဖက်ဘူး ... ဒါကြောင့် ဒီနေ့ကစပြီး မင်းကို နာမည်ဆိုးတွေနဲ့ ကျော်ကြားစေတဲ့ ဆူးတွေအားလုံး ငါ့လက်နဲ့ ဖယ်ရှားပေးမယ် ... ငါ နာကျင်ရမယ်ဆိုရင်တောင် မင်းအတွက် ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူး .. မင်းအပေါ် လွှမ်းမိုးနေတဲ့ အရိပ်မည်းတွေ ငါကိုယ်တိုင် တိုက်ထုတ်ပေးသွားမယ် ... "
YOU ARE READING
Paradise
Fanfiction* မင်းသားတစ်ပါးအဖြစ် မွေးဖွားမလာရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘုရင်ဖြစ်အောင်လုပ်ရမယ် *