Part-2

1.5K 208 14
                                    

"ဗွမ်း"

ရေထဲသို့ တစ်​ခုခုပြုတ်​ကျသွား​သည့်​ အသံ​ကြောင့်​ ပန်းခြံထဲက လိပ်​ပြာ​တွေကို ဖမ်းပြီး ပုလင်းထဲထည့်​​နေသည့်​ Kaiသခင်​​လေး ​လက်​ထဲက ပုလင်းကျကွဲသွားသလို ​ရေကူးကန်​ရှိရာဆီသို့ အလျင်​တလိုပြေးလာသည်​။

ရေကူးကန်​သို့အ​ရောက်​ သူ၏ အစ်​ကိုဖြစ်​သူ Kim Jongin မှာ ရေထဲတွင်​ လက်​နှစ်​ဖက်​ကို မယက်​တတ်​ယက်​တတ်​ယက်​​နေကာ ​ခေါင်းမှာလည်း ​ပေါ်လိုက်​မြုပ်​လိုက်​။

စံအိမ်​​တော်​ကြီးအတွင်း မနက်​စာချက်​ပြုတ်​​နေ​သော အလုပ်​သမားများနှင့်​ ခြံ​ရှေ့က အပင်​​တွေရေ​လောင်း​ပေါင်းနှူတ်​​နေကြမည့်​ အလုပ်​သမားများ​ကတော့ က​လေးတစ်​​ယောက်​ ​ရေနစ်​​နေသည်​ကို သိကြဟန်​မတူ။

Kai ရုတ်​တရက်​​အော်​ဟစ်​ အကူညီ​တောင်းမည်​လုပ်​ပြီးမှ
ကိုယ့်​ပါးစပ်​ကို လက်​ဖြင့်​အုပ်​ကာ မ​အော်​မိ​အောင်​ ​အောက်​နှူတ်​ခမ်းသား​တွေကို သွားနဲ့ဖိကိုက်​ထားမိသည်​။တစ်​ကိုယ်​လုံး အ​ကြော​တွေ တင်းလာကာ ​ကြောက်​မက်​ဖွယ်​ မျက်​၀န်းတစ်​စုံမှ စီးကျ​နေခဲ့သည့်​ မျက်​ရည်​​တွေက က​လေးတစ်​​ယောက်​နဲ့ လိုက်​ဖက်​မညီလှ။

/ မင်းမှန်​တယ်​ ... Kai ... ​အော်​လို့မဖြစ်​ဘူး ... သူ မရှိမှ ... သူအခုလို ​မင်းမျက်​စိ​ရှေ့က ပျောက်​ကွယ်​သွား​တော့မှ ဖြစ်​မှာ... /

Kim Kai ဆိုတာ အရွယ်​မ​ရောက်​​သေးသည့်​ အချိန်​တစ်​ခုအတွင်းသာ ဂင်​အိမ်​​တော်​​၏ သခင်​​လေးဆိုသည့်​ ဂုဏ်​ပုဒ်​နှင့်​ လက်​​အောက်​ငယ်​သား​တွေအ​ပေါ် အာဏာပြရုံကလွဲရင်​ ဒီအိမ်​ရဲ့ မျိုးရိုးဆက်​ခံသူ မဟုတ်​သလို အချိန်​တန်​ရင်​ ဒီအိမ်​​တော်​နဲ့ လုံးဝမသက်​ဆိုင်​သူဖြစ်​သွားမဲ့သူ ။ အပြင်​ပန်းသာ သခင်​​လေးဖြစ်​​နေ​ပေမဲ့ အ​မွေ​တွေအားလုံးရဲ့ ဆက်​ခံသူသည်​ Kim Jongin တစ်​​ယောက်​တည်းသာဖြစ်​ပြီး သူက​တော့ ဒီအိမ်​မှာ ​နေမယ်​ဆိုရင်​​တောင်​ Jonginကို ကပ်​တွယ်​​နေရမည့်​ အခွံသက်​သက်​ သခင်​​လေး။

/ Appaကသားကို အချစ်​ဆုံးဆိုတာ သားသိတယ်​​နော်​... Appa မရှိ​တော့တဲ့​နောက်​ပိုင်း ဒီအိမ်​က ဘယ်​သူမှယုံလို့ မဖြစ်​ဘူး...မယ်​မယ်​ကြီးက Appaကို အ​မွေဆက်​ခံခွင့် မပြုထားဘူး...သူ သ​ဘောတူလို့ Appaလက်​ထပ်​လိုက်​ရတဲ့ သားရဲ့အခု Ommaက​မွေး​ပေးထားတဲ့ Jonginကိုပဲ အ​မွေ​တွေအကုန်​ ပေးထားခဲ့တာ။အသက်​ဆယ့်​ရှစ်​ပြည့်​တာနဲ့ အားလုံးက Jongin လက်​ထဲပဲ​ရောက်​သွားမှာ....သူ သ​ဘောမတူတဲ့ အလုပ်​သမားနဲ့ ရထားတဲ့ က​လေးမလို့ သားကို​တော့ သူဘာမှ ​ပေးမထားခဲ့ဘူး အခုချိန်​ထိ သားအသက်​ရှင်​​နေတယ်​ဆိုတာလည်း Appaနဲ့တူ​နေတဲ့သားမလို့ သူတို့​သွေးတစ်​၀က်​ပါ​နေလို့ လက်​ခံ​ပေးထားတာ...​အဲဒါ​ကြောင့်​ မွေးတည်းက မင်းသားတစ်​ပါး ဖြစ်​မလာရင်​​တောင်​ အချိန်​တန်​ရင်​ ကိုယ့်​အရည်​အချင်းနဲ့ ဘုရင်​ဖြစ်​​အောင်​လုပ်​ရမယ်​ ​ပျော့ညံ့လို့မရဘူး သားရသင့်ရထိုက်​တာ​တွေ ရ​အောင်​ယူရမယ်​ /

ParadiseWhere stories live. Discover now