"ဘာလို့ ဒီလိုလုပ်ခဲ့ရတာလဲ မြေးလေးရယ် ... သခင်လေးတို့ မိသားစုကို ဘယ်လောက်အားနာဖို့ကောင်းလိုက်လဲ"
ပြီးခဲ့တဲ့ကိစ္စတွေအတွက် အကြောင်းစုံသိသွားတော့ အဘိုးဖြစ်သူဟာ Sehun ကိုကြည့်ပြီး စိတ်မချမ်းမြေ့သလို ပြောဆိုလာသည်။
"သားလည်း ဒီအခြေအနေအထိ ဖြစ်လာမယ်မထင်ထားမိလို့ပေါ့"
"ထားလိုက်ပါတော့လေ ဖြစ်ပြီးသွားပြီပဲ ဘာတတ်နိုင်မှာလဲ ... ဒီအပတ် Chuseok ပိတ်ရက်ကျရင်တော့ Sehunnie လေးအားတယ်မလား ... မြေးလေး မိဘတွေကို ကန်တော့ဖို့ နယ်ကိုပြန်ဖို့ သခင်လေး Jong ကို ပြောထားတယ် ... သခင်လေးက သူလည်းလိုက်ချင်တယ်တဲ့"
မပြန်ဖြစ်တာလည်း ကြာခဲ့ပြီဆိုတော့ ပွဲတော်ရက်အတွင်း Sehunလည်း ဇာတိမြေကို ပြန်ချင်မိ၏။ ဖြစ်နိုင်ရင် သူ ပြန်တဲ့အခါ Kai ကိုပါ ခေါ်ချင်မိလည်း Kaiက ထိုနေရာမျိုးကို လိုက်မဲ့သူမျိုးမဟုတ်တော့ လောဘတက်လာတဲ့ သူ့အတွေးတွေမောင်းထုတ်လိုက်တော့သည်။
•••~•••~•••~•••~•••~•••~•••~•••~•••~•••~
Kai ခေါ်ထားတဲ့ Hotel ကို ရောက်လာတော့ ပြောထားတဲ့ အခန်းထဲ Kaiကို ရှာမတွေ့တာကြောင့် Jongin ချက်ချင်း ဖုန်းထုတ်ပြီး Kai ဆီ ခေါ်ဖို့ ပြင်နေဆဲ ရုတ်တရက်တံခါးဖွင့်ကာ ၀င်လာတဲ့ လူစိမ်းကြောင့်
"ဘယ်သူလဲ..."
Jongin အတွက် တစ်ခါမှလူစိမ်းတွေနဲ့ မထိတွေ့ဖူးတာကြောင့် ဘာမပြောပဲ ၀င်လာတဲ့လူစိမ်းကို အရဲစွန့် မေးသာမေးလိုက်ရသည် တစ်ကိုယ်လုံး တုန်လှူပ်နေပြီး အကြောက်တရားတို့သာ ကြီးစိုးနေ၏။
"မင်းပဲ လက်ခံထားတယ်လေ ... ကိုယ်တို့နှစ်ယောက် အတူတူပျော်ပါးဖို့ ... စိတ်မပူပါနဲ့ ကလေးရယ် ... ကိုယ်မင်းကို ကောင်းကောင်းကြင်နာပေးမှာပါ ... "
ရုတ်တရက် အကျီ င်္ဆွဲချွတ်ပြီး ထိုလူက Jongin ရှေ့ကိုတိုးလာသည်။
![](https://img.wattpad.com/cover/147246382-288-k410600.jpg)
YOU ARE READING
Paradise
Fiksi Penggemar* မင်းသားတစ်ပါးအဖြစ် မွေးဖွားမလာရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘုရင်ဖြစ်အောင်လုပ်ရမယ် *