Part-2

678 59 6
                                    

ကား​ပေါ်မှာ ငြိမ်​ငြိမ်​​လေးထိုင်​လိုက်​လာရင်း အပြင်​ဘက်​ကို ​ငေးကြည့်​​နေမိသည်​.......

သူက​တော့ ကားကို ဂရုစိုက်​​မောင်း​နေ​လေရဲ့.......

ကား​မောင်း​နေရင်းက ကျ​နော့်​ဘက်​လှည့်​ကာ......

"ညီသစ်​.....​နေလို့​ကောင်းရဲ့လား.....ဘာဖြစ်​​နေလို့လဲ...."

"ဘာမှမဖြစ်​ပါဘူး.....ဘာလို့လဲ...."

"ငိုင်​​နေသလိုမျိုးပဲ....အရင်​က ညီသစ်​က ဒီလိုပုံစံမှမဟုတ်​တာ...."

သူ​ပြောတဲ့စကားကို ကျ​နော်​က သူ့ဘက်​လှည့်​ပြီး မျက်​ခုံးတစ်​ချက်​ပင့်​ကာ​မေး​တော့.......

"အရင်​က ဘယ်​လိုမျိုးလဲ......"

"အင်း.......သွက်​သွက်​လက်​လက်​ ရှိတယ်​.....က​လေး​လေးလို ဆိုးတတ်​တယ်​....စိတ်​​ကောက်​တတ်​တယ်​......အထူးသဖြင့်​ စကား​တွေ အရမ်းများတယ်​....များတာမှ ​ပေါက်​​ပေါက်​​ဖောက်​​နေသလိုမျိုးပဲ....ခုလိုမျိုး ငြိမ်​ငြိမ်​​လေးနဲ့ ထိုင်​လိုက်​တာကို မြင်​ရတာ ဒါပထမဦးဆုံးအကြိမ်​ပဲ......​နေပါဦး......အဲဒါ​တွေကို ဘာလို့ ကိုကို့ ကို ပြန်​​မေး​နေတာလဲ....."

သူက အံ့သြသလိုနဲ့ ​မေး​လေသည်​.......

အဲ​တော့မှ ကျ​နော်​လည်း.........

"ဘာမှမဟုတ်​ပါဘူး......ဒီတိုင်းပဲ.....ကို....ကိုကို ကျ​နော့်​အ​ပေါ် ဘယ်​လိုမြင်​လဲ သိချင်​လို့​မေးကြည့်​တာပါ...."

ဟင်း ဟင်း......ဘယ်​ရမလဲ....ကိုယ်​လည်း ဒီ​လောက်​​တော့ ညက်​ပါတယ်​....😁😁😁

သူက အဲဒါကို ကျ​နော့်​ကို အံသြသလိုကြည့်​ပြီး......

"ကျ​နော်​.....ဟုတ်​လား....."

"ဟင်​....အရင်​က အဲလို​ပြောတာ မဟုတ်​....အဲ....အရင်​က ဘယ်​လို​ပြောလို့လဲ....."

"ညီသစ်​ကို စကား​ပြောရင်​ ကိုယ့်​ကိုယ်​ကို သစ်​သစ်​​လေး လို့ ​ပြော​နေကျ​လေ....."

💙You Must Know That💙Where stories live. Discover now