Part-5

443 49 3
                                    

တည်​တံ့သူတစ်​​ယောက်​ ​ကြောင်​​တောင်​​တောင်​ နဲ့ ရပ်​ကာကြည့်​​နေမိသည်​.......

ဒါ အရင်​တုန်းက ​ကောင်​​လေးမှ ဟုတ်​ရဲ့လား ဟု​ ​တွေးယူရသည့်​အထိပင်​........

အဝတ်​အစားကအစ.....ဆံပင်​ပုံစံအဆုံး ​ပြောင်းလဲသွားသည်​မှာ.....တခြားလူတစ်​​ယောက်​လိုပင်​........

ဟမ်​....​နေပါဦး.....သူက...သူက....အခု ငါကို မတူမတန်​ပုံစံလုပ်​သွားတာလား......Hk......

မင်းကလား......ငါ့ကို ?.......

တစ်​​ယောက်​တည်း ​ဒေါသ​တွေ ထွက်​​နေတုန်း........​နောက်​​က​နေ........

"​ဟျောင့်​......တည်​တံ့......ဘာရပ်​လုပ်​​နေတာလဲ.....ငူငူ​ငေါင်​​ငေါင်​နဲ့.....ဘာလဲ ​နေမ​ကောင်းဘူးလား...."

စည်​သူ ​ပြောမှ ကျ​နော်​သတိဝင်​လာမိသည်​.......

"​ကောင်းတယ်​....​ကောင်းတယ်​.....​ဒေါသထွက်​​နေတာ...."

"ဟင်​....ဘာဖြစ်​လို့လဲ...."

"ဘာဖြစ်​ရမလဲ.....ဟို​ကောင်​​ကြောင့်​.....ငါ့ကိုများ မတူမတန်​ဆက်​ဆံသွားရတယ်​လို့....."

ပြောရင်းနဲ့ တရှူးရှူးတရှဲရှဲအသံ​တွေ​တောင်​ ထွက်​လာ​လေရဲ့.......

စည်​သူက ​ခေါင်းရှုပ်​သွားဟန်​နှင့်​......

"​ဟေ...ဘယ်​​ကောင်​တုန်းကွ....."

"ဟို ​နွေသမိုင်းသစ်​ ဆိုတဲ့ အ​ကောင်​​ပေါ့......"

"အာ....သိပြီ.....မင်းကို အ​သေရရ အရှင်​ရရ ဆိုတဲ့ တစ်​​ယောက်​လား...."

"ဟုတ်​တယ်​......"

"​အေး​ပေါ့....မင်းက ဒီ​လောက်​​တောင်​ ခါးခါးသီးသီး ဖြစ်​​နေမှ​တော့......သူလည်း ပြန်​ခါးသီးမှာ​ပေါ့.....အဆန်းလား...."

"​အောင်​မာ....ငါ ခါးသီးတိုင်း သူ ခါးသီးစရာလားကွ....မသိဘူးကွာ.....ဘာပဲဖြစ်​ဖြစ်​ အဲဒါမင်း​ကြောင့်​......"

💙You Must Know That💙Where stories live. Discover now