Part-3

518 62 14
                                    

ကျ​နော်​နဲ့ က​ဝေပျို တို့ ​အနီးအနားရှိ coffee shopတစ်​ခုထဲ ဝင်​ထိုင်​ရင်း ကျ​နော်​ သူ့ကို ​မေးလိုက်​မိသည်​....

"က​ဝေပျို.....အဲ ဘယ်​လို​ခေါ်ရမလဲ ခုလို​ခေါ်တာ​တော့ နည်းနည်း​ထောက်​​နေသလိုပဲ....."

"အင်း......ခုန ​ခေါ်သလို ပျို လို့ပဲ....​ခေါ်ပါ.....အဲလို​ခေါ်လိုက်​တာကို သ​ဘောကျတယ်​....."

"ဟင်​.....ဖြစ်​ပါ့မလား....ကျ​နော့်​ထက်​ အသက်​ကြီးမယ်​ ထင်​တယ်​....."

"ကိုယ့်​ အသက်​အမှန်​ကို ​ပြောရင်​ မင်းလန့်​သွားလိမ့်​မယ်​......အာ့​ကြောင့်​ မ​ပြော​တော့ပါဘူး.....မင်း ထက်​ အသက်​ကြီးတာ​တော့ အမှန်​ပဲ.....ကဲ.....ကျမ ခွင့်​ပြုပါတယ်​ ရှင်​.....​ခေါ်မှာသာ​ခေါ်..."

"Ok.....ok....အာ့ဆို ပျို.....ခုနလူက.....?..ဘယ်​သူလဲ.....ဘာ​ကြောင့်​ ကျ​နော့်​ကို အဲလိုဆက်​ဆံတာလဲ...."

"Hk....သူလား.....သူက...Te Tant Electronic Companyရဲ့....ပိုင်​ရှင်​.....နာမည်​က တည်​တံ့သူ.....ရှင့်​Daddyနဲ့Mommyတို့ရဲ့ အကြီးမားဆုံးစီးပွားဖက်​.....ဒါတင်​မက​သေးဘူး....သူ့မှာ တခြားလုပ်​ငန်း​တွေလည်း အများကြီးရှိ​သေးတယ်​.....ဒါ​ပေမယ့်​ သူက တခြားလုပ်​ငန်း​တွေကို သူ့လူယုံ​တွေနဲ့ လွှဲထားပြီး သူရဲ့Companyမှာပဲ သူကထိုင်​တယ်​.....တစ်​ခါတ​လေ.....သွားစစ်​​ဆေးတာကလွဲရင်​​ပေါ့....."

"ဟင်​....ဟုတ်​လား...သူက.....အဲ​လောက်​​တောင်​​​တော်​လား......"

"ဟွန့်​.....ဘာ​တော်​တာလဲ....အလကား...သွားစမ်းပါ....သူ့ကိုယ်​သူ​တော့ ​တော်​လှပြီ ထင်​​နေမှာ​ပေါ့....ငါက​တော့ အထင်​မကြီး​ပေါင်​.....မာနက မိုးထိ....ဘဝင်​ကလည်း မြင့်​ချင်​​သေးတာ......ကြည့်​လို့ကိုမရဘူး...."

"ကြည့်​လို့မရလို့သာပဲ....ပျိုရယ်​....ခုန​တော့ တစ်​ချိန်​လုံး သူ့မျက်​နှာကို မျက်​လုံးကျွတ်​ကျမတတ်​လိုက်​ကြည့်​​နေပြီး​တော့....."

"အမ​လေး....အဲဒါက သူ့ကို အပြင်​မှာ တစ်​ခါမှ ​သေ​သေချာချာ....ခုလို အနီးကပ်​မှ တစ်​ခါမှမမြင်​ဖူးတာ.....အခွင့်​အ​ရေးရတုန်း....သူ့ကို ​လေ့လာထားရတာ​ပေါ့....."

💙You Must Know That💙Where stories live. Discover now